နျုကလီးယားစွမ်းအင်သုံး တရုတ်ရေငုပ်သင်္ဘောများ

ဘေဂျင်း၊ မေ ၃၀

ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်ချိန်မှာ အန္တရာယ်ပေးလာနိုင်တဲ့ အမေရိကန်နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို လိုက်လံရှာဖွေရေး တရုတ်က ဝေဟင်ကနေ ခြေရာခံနိုင်မယ့် စနစ်သစ်တစ်ခု တီထွင်နေတယ်လို့ သိရပါတယ်။

တရုတ်ရေတပ်က ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လက်နက် ASW ဟာ ကြည်းနဲ့ရေ စစ်ဆင်ရေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်ဖြစ်တယ်လို့ ရှုမြင်ထားပြီး အမေရိကန် ဒါမှမဟုတ် ဂျပန်က တိုက်ခိုက်လာရင် ကာကွယ်ရာမှာ အသုံပြုဖို့ရည်ရွယ်ထားကြောင်း တရုတ်ရေတပ် ကောလိပ် ရေပြင်လေ့လာရေး အင်စတီကျုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်ရေတပ်က လက်ရှိအသုံးပြနေတဲ့ တောင်ပံအသေ တပ်ဆင်ထားတဲ့ သင်္ဘောဖျက်လေယာဉ်အမျိုးအစားဟာ KQ-200 ဖြစ်ပြီး တာဗို အင်ဂျင်လေးလုံး ပါဝင်တယ်လို့ သိရပါတယ်။

ဒီလေယာဉ်တွေဟာ တရုတ်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောတွေကို ကာကွယ်ရေးနဲ့ ကင်းထောက်လှမ်းရေးအတွက် ဖြစ်ပါတယ်။

အမေရိကန်ရေတပ်ရဲ့ P-8 Poseidon အမျိုးအစား လေယာဉ်နဲ့ တန်းတူဖြစ်တဲ့ တရုတ်လေယာဉ်တွေဟာ မိုင် ၃၀၀၀ အထိ ပျံသန်းနိုင်ပါတယ်။

တရုတ်သုတေသီတွေ ရေးဆွဲထားတဲ့ ဒီဇိုင်းတွေနဲ့အတူ တရုတ်ရေတပ်က ရေငုပ်သင်္ဘော တိုက်ဖျက်ရေးလက်နက် တီထွင်မှုကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

ရန်သူရေငုပ်သင်္ဘောတွေကို စူးစမ်းရှာဖွေနိုင်ရေး တရုတ်ပညာရှင်တွေက အာရုံခံကိရိယာတွေ တီထွင်ဖို့ ကြိုးပမ်းနေပြီး လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုမှာ ဖြစ်ပါတယ်။

တရုတ်က ရေငုပ်သင်္ဘော တိုက်ဖျက်ရေး တပ်ဖွဲ့တွေကိုလည်း လေ့ကျင့် သင်ကြားပေးမှုတွေ အရှိန်မြှင့်ပြုလုပ်နေပါတယ်။

တရုတ်က သူတို့ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးလေ့ကျင့်မှုတွေ မကြာခဏ ပြုလုပ်နေတာဟာ ထိုင်ဝမ်ကို သိမ်းယူဖို့ ပြင်ဆင်နေတာဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ် နေပါတယ်။

ထိုင်ဝမ်ကလည်း တရုတ်က ကျူးကျော် တိုက်ခိုက်လာရင် အကောင်းဆုံး ကာကွယ်သွားမယ်လို့ ပြောဆိုထားပြီး သမ္မတအသစ် လိုင်ချင်တီက ထိုင်ဝမ်ကို ပိုမိုဘေးကင်းအောင် ဆောင်ရွက်ရေး စစ်တပ်ကို တိုက်တွန်းထားပါတယ်။

Ref:Bussiness Insider

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.