မော်လမြိုင်၊ မေ ၃၀

ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၅၉ သိန်းနီးပါးအထိ ဈေးနှုန်းစံချိန်တင်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

မေလအစက တစ်ကျပ်သားလျှင် ကျပ် ၄၇ သိန်းဝန်းကျင်သာ ရှိခဲ့တဲ့ ပြည်တွင်းမီးလင်းအခေါက်ရွှေဈေးဟာ မေ ၃၀ ရက်နေ့မှာတော့ ကျပ် ၅၈သိန်း ၈သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာတာပါ။

ဒါ့အပြင် တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ဝန်းကျင်သာ ရှိခဲ့တဲ့ အမေရိကန် ဒေါ်လာဈေးနှုန်းကလည်း ကျပ် ၅၀၀၀ အထိ ဈေးနှုန်းထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

ရွှေဈေးနဲ့ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာတာကြောင့် အရောင်းအဝယ် လုံးဝရပ်နားထားကြတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သားကို ကျပ် ၄၀ သိန်းနီးပါး ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားတဲ့အတွက် ပြည်ပပေါက်ဈေးနဲ့နှိုင်းယှဉ်ရင် တစ်ကျပ်သား လျှင် ကျပ်သိန်း ၂၀ နီးပါး ဈေးနှုန်းကွာဟနေတာပါ။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာမှုဟာ ပြည်တွင်းဒေါ်လာငွေ လိုအပ်ချက် ကြီးမားလာတာ၊ စစ်ကောင်စီရဲ့ စစ်အသုံးစရိတ်တိုးမြှင့်မှုအပါအဝင် နယ်စပ်ကုန်သွယ်မှုတွေ ရပ်တန့်သွားတဲ့ အခြေအ နေကြောင့်ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.