ရေဖြူ၊ မေ ၃၀

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသကနေ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ CDM ကျောင်းဆရာမနှစ်ဦးကို မေ ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခံလိုက်ရတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

CDM ကျောင်းဆရာမတွေဖြစ်တဲ့ ဒေါ်သီတာဦးနဲ့ဒေါ်နီလာစန်းတို့ကို ထားဝယ်အကျဉ်းထောင်တ ရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ည၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ က တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့တာပါ။

အဲဒီ CDM ကျောင်းဆရာမ နှစ်ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ၃ လကြာမှာ အခုလို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ CDM ကျောင်းဆရာမ နှစ်ဦးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဖွင့်လှစ်ထားတဲ့ အွန်လိုင်းစာသင်ကျောင်းတွေမှာ စာသင်ကြားတာ၊ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စွပ်စွဲချက်တွေနဲ့ အမိန့်ချမှတ်ခဲ့တာပါ။

ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်ရတဲ့ CDM ကျောင်းဆရာမနှစ်ဦးကို ထားဝယ်အကျဉ်း ထောင်မှာပဲ ဆက်လက်အကျဉ်းချထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ကလည်း ကံပေါက်ဒေသကနေ စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ CDM ကျောင်းဆရာမနှစ်ဦးဖြစ်တဲ့ ဒေါ်သက်သက်မော်၊ ဒေါ်ယဉ်ယဉ်အေးတို့ နှစ်ဦးကို ရေဖြူတရားရုံးကနေ ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းကာ လအတွင်း လူပေါင်း ၂၆,၀၀၀ ကျော် ဖမ်းဆီးခံရပြီး အဲဒီထဲက လူပေါင်း ၂၀,၀၀၀ ကျော်ဟာ ဆက်လက်ထိန်းသိမ်းခံထားရတယ်လို့ မေ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.