ကော့ကရိတ်၊ မေ ၃၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက်မှာ တိုက်ပွဲလက်ကျန် မြေမြှုပ်မိုင်းနင်းမိ ပေါက် ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၂၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ နေရပ်ပြန်လာတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုး သမီးတစ်ဦးဟာ အိမ်နေခြံစည်းရိုးအနီး အဝတ်လှန်းနေချိန် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် အဲဒီဒေသခံအမျိုးသမီးဟာ ဘယ်ဘက်ခြေထောက်ပြတ်သွားပြီး ညာဘက်ခြေထောက်မှာလည်း ခြေသလုံးသား ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို ဒေသခံတွေရဲ့ အကူအညီနဲ့ ကော့ကရိတ်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေကလည်း ကော့ကရိတ်မြို့ အမှတ် ၂ ရပ်ကွက် ဝင်းကြီးကွက်သစ်ပိုင်းမှာ တိုက်ပွဲလက်ကျန် လက်နက်ကြီးပေါက်ကွဲမှုကြောင့် နေရပ်ပြန်လာတဲ့ စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ကော့ကရိတ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLAပူးပေါင်းတပ်တွေ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်တွေနဲ့တိုက် ပွဲပြင်းထန်ခဲ့ပြီး လချီတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူသေဆုံးမှု ၃၀ ကျော်ရှိခဲ့သလို နေအိမ်ပေါင်း ရာနဲ့ချီမီးလောင်ပျက်စီးခဲ့သလို ဒေသခံပြည်သူတွေ မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကော့ကရိတ်မြို့ကို ဧပြီလအတွင်း စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံတချို့ မြို့ထဲပြန်လည်နေထိုင်တာနဲ့ အိမ်ခြံသန့်ရှင်းရေးလုပ်ပြီး ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.