May 23, 2024

စစ်အာဏာသိမ်း (၁၂၀၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၄ AAPP ရဲ့ မေ ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၈) ရက်အတွင်း ပြည်သူ (၅၁၃၈ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၂၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စုဆောင်းထားဖို့ စစ်ကောင်စီညွန်ကြား

နေပြည်တော် ၊ မေ ၂၄ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် တိုက်ခိုက်ရေးအင်အားလျော့ကျလာနေတဲ့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း အပတ်စဉ်စစ်သင် တန်းတွေကို ခပ်သွက်သွက် လုပ်ဆောင်လာနေပါတယ်။ လာမယ့် စစ်သင်တန်းအပတ်စဉ် ၃ ကို လျာထားချက်ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံထားကြဖို့လိုတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုထားတာပါ။…

ဘီးလင်းက မစောတံတား မိုင်းခွဲခံရပြီးနောက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတချို့ ပြတ်တောက်

မော်လမြိုင် ၊ မေ ၂၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်က မစောတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်အပါအဝင် ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မစောတံတားဟာ မေ ၂၃ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မိုင်းခွဲခံရတာကြောင့် အရှည်ပေ ၁၀၀ ကျော်၊ အကျယ်…

ရဲသတင်းပေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထို KRF ထုတ်ပြန်

ဘီးလင်း၊ မေ ၂၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာနေ ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ အင်ဖော်မာ ဦးသက်လွင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KFR က ထုတ်ပြန်ပါတယ်။ မေ ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံထားရတဲ့ အသက် ၄၆ နှစ်အ ရွယ် အင်ဖော်မာ ဦးသက်လွင်ဦးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF…

ကျိုက်ထိုမှာ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ မေ ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် ရာအိမ်မှူး ဦးအုန်းမြင့်ဟာ မနေ့ မေ ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကျိုက်ထိုမြို့ရှိ ဆဲဗင်းမက် လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့ ရာအိမ်မှူးဦးအုန်းမြင့်ကို အမည်မသိ သေ နတ်သမား ၂ ဦးက ဆိုင်ထဲဝင်ရောက်လာပြီး…

ဖာပွန်တိုက်ပွဲမှာ တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရဲဘော်နှစ်ဦးကျဆုံး

ဖာပွန်၊ မေ ၂၃ ကရင်ပြည်နယ် ဖာပွန်မြို့အနီးရှိ ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်း ဆက်လက်ချေမှုန်းရေး စစ် ဆင်ရေးအတွင်း PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာ ကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ဧပြီလကစပြီး တော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့ ကျန်ရှိနေတဲ့…

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ရန်စမှု ဖြစ်တယ်လို့ ထိုင်ဝမ် ပြော

တိုင်ပေ၊ မေ ၂၃ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းအနီး တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ရန်စမှုတွေဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ခွဲထွက်ရေးသမား ပြဿနာကောင်လို့ ဘေဂျင်းကသတ်မှတ်ထားတဲ့ ဝီလီယံလိုင်က ထိုင်ဝမ်သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး သုံးရက် အကြာမှာ တရုတ်က ထိုင်ဝမ်ကျွန်းအနီး စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။…

ထိုင်းဝန်ကြီးချုပ် ထုတ်ပယ်ရေး လျှောက်ထားမှု တရားရုံး ဆုံးဖြတ်မယ်

ဘန်ကောက်၊ မေ ၂၃ ပီချစ် ချူအန်ဘန်းကို ဝန်ကြီးများ အဖွဲ့မှာ ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထုတ်ပယ်ရေး လျှောက်လဲထားမှု လက်ခံစဉ်းစားဖို့ သင့် မသင့် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက မေ ၂၃ ရက်နေ့မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ မစ္စတာ ပီချစ်နဲ့ ဝန်ကြီးချုပ်တို့ဟာ ဝန်ကြီးများဆိုင်ရာ ကျင့်ဝတ်ကို ချိုးဖောက်တယ်ဆိုပြီး လွှတ်တော်အမတ်…

ဘီးလင်းက မစောတံတား မိုင်းခွဲခံရလို့ ပြိုကျပျက်စီး၊ လူထိခိုက်သေဆုံးမှုရှိ

ဘီးလင်း၊ မေ ၂၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မစောတံတား မိုင်းခွဲခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မစောတံတားဟာ ဒီနေ့ မေ ၂၃ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံရတဲ့အတွက် အရှည်ပေ ၁၀၀ ကျော် အကျယ် ၂၄ ပေရှိ…