May 21, 2024

အမျိုးသမီးပျူစောထီးခေါင်းဆောင်အပါအဝင် ၃ ဦး NUG ဖမ်းဆီးစစ်ဆေးမှု စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်နေ

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” မုံရွာမြို့နယ် တောပုကျေးရွာက အမျိုးသမီးပျူစောထီးခေါင်းဆောင် အပါအဝင် ၃ ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တွေ ဖမ်းဆီးသတ်ဖြတ်နေတယ်ဆိုပြီး” စစ်ကောင်စီအကောင့်တုတွေက…

ရေးဘီလူးအဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို ဆက်ကြေးကောက်တယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”ရေးဘီလူးအဖွဲ့ ဆတ်ကြေးကောက်နေတယ် ဆိုပြီး” စစ်ကောင်စီအကောင့်တုတွေက ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို snow queen ၊ ဟန်ငြိမ်းဦး၊ ကျော်စွာစတဲ့ စစ်တပ်လော်ဘီ…

စစ်အာဏာသိမ်း (၁၂၀၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၂၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၂ AAPP ရဲ့ မေ ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၆) ရက်အတွင်း ပြည်သူ (၅၁၂၈ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၁၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၃၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လျှပ်စစ်မီးပေးချိန် လျှော့ချမှုကြောင့် ကုန်ထုတ်လုပ်မှု စံချိန်တင်ထိုးကျလာနိုင်

မော်လမြိုင် ၊ မေ ၂၂ နိုင်ငံတဝန်းက စက်မှုဇုန်တွေ တစ်ရက်လျှင် လျှပ်စစ်မီး နှစ်နာရီသာ ရရှိနေတဲ့အတွက် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုနဲ့အတူ ကုန်ထုတ်လုပ်မှု စံချိန်တင်ထိုးကျလာနိုင်လာတယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ စစ်ကောင်စီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက မေ ၂၀ ရက်နေ့စကပြီး နိုင်ငံတဝန်းရှိ စက်မှုဇုန်တွေကို နေ့စဉ် မနက် ၅ နာရီကနေ ၇ နာရီထိ…

ကုလားဂုတ်ကျွန်းမှာ စက်လှေတွေ ဖြတ်သန်းသွားခွင့် စစ်ကောင်စီ ကန့်သတ်ထားဆဲ

ရေး ၊ မေ ၂၂ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် စစ်ကောင်စီကတော့ ကုလားဂုတ်ကျွန်းမှာ စက်လှေတွေကို ဖြတ်သန်းသွားလာခွင့် ဆက်လက်ကန့်သတ်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မေလဆန်းတုန်းက ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ကိုင်တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲဖြစ်ပွားပြီးနောက် ကုလားဂုတ်ကျွန်းပေါ်ရှိ စက်လှေတွေအားလုံးကို စစ်ကောင်စီတပ်က ပင်လယ်ထဲ ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်ပြီး…

ထားဝယ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး

ထားဝယ်၊ မေ ၂၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ် ဝင် ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၉ ရက် နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဗထူးတပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း…

ထိုင်း-မြန်မာနယ်စပ်က ဖူချိမူတပ်စခန်းကို KNLA/PDF သိမ်းပိုက်

ကြာအင်းဆိပ်ကြီး၊ မေ ၂၁ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီး နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဖူချိမူတပ်စခန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ အများအပြား လက်နက်ချအညံ့ခံခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖူချိမူတပ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်တို့က လအတန်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မေ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကနေ စွန့်ခွာထွက်ပြေးသွားခဲ့အတွက်…

သုဝဏ္ဏဘူမိလေဆိပ်မှာ စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအရေးပေါ် ဆင်းသက်ခဲ့ရ၊ တစ်ဦးသေဆုံး ၃၀ ဒဏ်ရာရ

ဘန်ကောက် မေ ၂၁ လန်ဒန်မြို့ကနေ စင်ကာပူမြို့သို့ ပျံသန်းနေတဲ့ စင်ကာပူလေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ လေထန်မှုကြောင့် ဒီနေ့ မေ ၂၁ ရက် မွန်းလွဲပိုင်းအချိန် သုဝဏ္ဏဘူမိလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်မှာ ခရီးသည်တစ်ဦး သေဆုံးပြီးတော့ တခြားလူ ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ “ဘိုးရင်း ၇၇၇- ၃၀၀ အီးအာလေယာဉ်ပေါ်မှာ လူတစ်ဦးသေဆုံးပြီး…

သထုံမှာလက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရ

သထုံ ၊ မေ ၂၁ မွန်ပြည်နယ် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သထုံအခြေစိုက် အမှတ် ၉…

ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့ AA သတိပေး

ဘူးသီးတောင်၊ မေ ၂၁ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လုံခြုံရေးအတွက် ဘေးလွတ်ရာကို အမြန်ဆုံး ပြောင်းရွှေ့ထားကြဖို့ ရက္ခိုင့်တပ်တော် AA က မေ ၂၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။ ရခိုင်ဒေသက ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်း၊ ရေ ကြောင်း၊…