အမှန်/အမှား
+++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့” ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ဆေးရုံကို ရက္ခိုင့်တပ်တော် AA ဌာနချုပ်ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်တာဆိုပြီး” စစ်တပ်လော်ဘီတွေ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းကို နေပြည်တော်၊ဟန်ငြိမ်းဦး၊ ကျော်စွာစတဲ့ စစ်တပ်လော်ဘီအကောင့်တွေက မေ ၁၅ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ် စဉ်အတွင်း ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံး ရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာနဲ့လူနာစောင့်အပါ အဝင် အရပ်သားပြည်သူ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရကာ သေဆုံးသူတချို့ရှိခဲ့တယ်လို့ လွတ်လပ်သောသတင်းဌာနတွေက မေ ၁၅ ရက်မှာ သတင်းရေး သားထုတ်ပြန်ထားပါတယ်။
RFA သတင်းဌာနမှာတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ဗုံးသုံးလုံးကြဲချခဲ့တာလို့ သတင်းဖော်ပြထားပါတယ်။
BBC သတင်းဌာနမှာတော့ AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာတော့ အခုလိုမျိုး ဆေးရုံးဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ စစ်ရှောင်တွေ ခိုလှုံနေကြတဲ့နေရာတွေကို လူတွေအိပ်နေတဲ့ ညအချိန်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာတော့ လူနေကျေးရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ကြုံနေရတယ်လို့ ဒေသခံတွေကို မေးမြန်းကာ ဖော်ပြထားပါတယ်။
AA အာရက္ခတပ်တော်ရဲ့ သတင်းထုတ်ပြန်ချက်လင့်
နိရဉ္စရာ သတင်းဌာနကဖော်ပြထားတဲ့သတင်း
RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်း
BBCသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်း
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်