နောင်ချို၊ မေ ၁၄

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံ အုမ္မသီးအ ခြေစိုက် အမှတ် ၁၁၁ ခြေမြန်တပ်ရင်းကနေ သုံးဆယ်ကျေးရွာကို လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် သုံးဆယ်ကျေးရွာနေ ဦးစံရွှေရဲ့ နေအိမ်ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ဦး ထိမှန်သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ထိမှန်သေဆုံးခဲ့တဲ့ ဦးစံရွှေနဲ့ မဝင်းဝင်းပြုံးတို့ကို ကျေးရွာပြည်သူတွေမှ မီးသဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရတဲ့ မဆွေဆွေဝင်း၊ ဦးလွန်းကြည်၊ မောင်အေးချမ်းနဲ့ မောင်မြင့်ဇော်ဦးတို့ကို ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း နောင်ချိုမြု့နယ် သုံးဆယ်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.