May 9, 2024

စလင်းမှာ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံရတဲ့ အလောင်းနှစ်လောင်းတွေ့ရှိ

စလင်း၊ မေ ၉ မကွေးတိုင်း စလင်းမြို့နယ် ခင်ပလူကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က တပ်အင်အား ၁၅၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ပလူကျေးရွာထဲ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ အဲဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့…

စစ်အာဏာသိမ်း (၁၁၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၁၀ AAPP ရဲ့ မေ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၁၉၄) ရက်အတွင်း ပြည်သူ (၄၉၈၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၄၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

တွက်ခြေမကိုက်လို့ မွန်ပြည်နယ်က ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်း

မော်လမြိုင် ၊ မေ ၁၀ မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရော်ဘာအထွက်နှုန်း သိသိသာသာ လျော့ကျလာတာကြောင့် ရော်ဘာခြံအများစု ရာသီမကုန်ခင်မှာပဲ ခြံပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ရော်ဘာလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်အတွင်းမှာ ရော်ဘာခြံလုပ်ငန်းကို နှစ်စဉ် စက်တင်ဘာလကနေ ဇွန်လအလယ်ထိ လုပ် ကိုင်ကြပေမယ့် ဒီနှစ်မှာတော့ အထွက်နှုန်း လျော့ကျလာတဲ့အတွက် ဧပြီနောက်ဆုံးအပတ်ကစပြီး ရော်ဘာခြံတွေ ပိတ်သိမ်းတာတွေ…

ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန်လည်သတ်မှတ်မယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ဘန်ကောက်၊ မေ ၁၀ ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က အခုနှစ်ကုန်ရင် ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန် လည်သတ်မှတ်သွားမယ်လို့ မေ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို အပန်းဖြေသုံးစွဲမှု ရာဇဝတ်မှု မမြောက်ဘူးလို့ သတ်မှတ်တဲ့ အာရှတိုက်ရဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပြီးနောက် နှစ်နှစ်အကြာမှာပဲ အံ့သြစရာကောင်းလောက်အောင် ဂငယ်ကွေ့ ပြန်ကွေ့မှုတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၂၅ခုနှစ်မှာ…

အပစ်ရပ် ၇ ဖွဲ့က နိုင်ငံရေးဆွေးနွေးမှု ကော်မတီအပါအဝင် ကော်မတီ ၆ ခု ဖွဲ့စည်း

မော်လမြိုင် ၊ မေ ၁၀ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့၊ ဦးဆောင်အဖွဲ့ အ စည်းအဝေးကနေ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းလိုက်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ ပထမဆုံးအကြိမ်အဖြစ် မဟာမိတ်အဖွဲ့၊ ဦးဆောင်အဖွဲ့အစည်းအဝေးကို Video Conferencing နဲ့…

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး ဟွန်ဆန်တောင်းဆိုမှု စစ်ကောင်စီပယ်ချ

နေပြည်တော်၊ မေ ၁၀ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုမှုကို စစ်ကောင်စီက မေ ၈ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ သုံးနှစ်ကျော်ကြာ ထိန်းသိမ်းခံထားရချိန်အတွင်း ကျန်းမာရေး ပြဿနာအချို့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အသက် ၇၈ နှစ်အရွယ် နိုဗယ်ဆုရှင်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် နိုင်ငံခြားခေါင်းဆောင်တွေနဲ့ သံ…

ကျိုက်ထိုမြို့မရဲစခန်းက ရဲနှစ်ဦးကို စစ်တပ်ဖမ်းဆီးနှိပ်စက်

ကျိုက်ထို၊ မေ ၁၀ မွန်ပြည်နယ် ကျိုက်ထိုမြို့မရဲစခန်းက ရဲနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ သ တင်းပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ် ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ် ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းရဲတပ်ကြပ် စိုးရာဇာနဲ့ ယာဉ်ထိန်းရဲ ဝဏ္ဏစိုးတို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မေ ၅ ရက်နေ့မှာ…

ကံပေါက်မှာ CDM ကျောင်းဆရာမနှစ်ဦး ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရ

ရေဖြူ၊ မေ ၉ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ CDM ကျောင်းဆရာမနှစ်ဦးကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမတွေဖြစ်တဲ့ ဒေါ်သက်သက်မော်နဲ့ ဒေါ်ယဉ်ယဉ်အေးတို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ…

တနင်္သာရီမှာ စာသင်ကျောင်း ဗုံးကြဲခံရလို့ ကလေး ၂ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

သရက်ချောင်း၊ မေ ၉ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပဲဒက်တပ်စခန်း သိမ်းပိုက်ခံရလိုက်တဲ့ စစ်ကောင်စီတပ်ဟာ မေ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ…

လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ

လောင်းလုံး၊ မေ ၉ တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ ဒီနေ့ မေ ၉ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့ မနက် ၆ နာရီခွဲအချိန့်ခန့်ကစပြီး လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။ နှစ်ဖက်တိုက်ပွဲအတွင်း…