ကွာလာလမ်ပူ၊ မေ ၇
သမ္မတသာမန်ရှန်မူဂါရက်နန်ရဲ့ ဖိတ်ကြားချက်အရ မလေးရှားဘုရင်ဟာ မေ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ စင်ကာပူသို့ လာရောက်မယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါဟာ မလေးရှားဘုရင်အဖြစ် တင်မြှောက်ခံရပြီးနောက်ပိုင်း ဆူလ်တန်ဧဗရာဟင်ဆူလ်တန်အစ္စကန်ဒါရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။
သူဟာ ၂၀၂၂ က ဂျိုဟိုးဒေသအကြီးအကဲအဖြစ် စင်ကာပူသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။
သူ့ရဲ့ ခမည်းတော် ထီးနန်းစိုးစံပြီးနောက် ၃၄ နှစ်ကျော်အကြာမှာ ဇန်နဝါရီလက ဆူလ်တန်အစ္စကန်ဒါဟာ မလေးရှားရဲ့ ၁၇ ဦးမြောက် ဘုရင်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ခရီးစဉ်မှာ မိဖုရား ရာဂျာ ဇာရစ် ဆိုဖီယာ၊ ပို့ဆောင်ရေးဝန်ကြီး အန်ထိုနီလိုကီနဲ့ အခြားအကြီးတန်း အရာရှိတွေအတူလိုက်ပါမှာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း မလေးရှားဘုရင်ဟာ စင်ကာပူသမ္မတ၊ ဝန်ကြီးချုပ်၊ လက်ထောက်ဝန်ကြီးချုပ်၊ ဘဏ္ဍာရေး ဝန်ကြီးတို့နဲ့ သီးခြားစီတွေ့ဆုံမှာ ဖြစ်ပါတယ်။
စင်ကာပူဝန်ကြီးချုပ်နေရာကို မေ ၁၅ ရက်နေ့မှာ လက်ထောက်ဝန်ကြီးချုပ်က အစားထိုး တာဝန်ယူမှာ ဖြစ်တာကြောင့် ဒါဟာ ဝန်ကြီးချုပ်နဲ့ မလေးရှားဘုရင်ရဲ့ နောက်ဆုံးတွေ့ဆုံမှု ဖြစ်လာမှာလည်း ဖြစ်ပါတယ်။
Ref:CNA