နယူးဒေလီ၊ မေ ၂

အိန္ဒိယ-မြန်မာ နယ်စပ်အနီး နာဂလန်းပြည်နယ် မွန်ဒေသမှာ လက်နက်ခဲယမ်း အများအပြား သိမ်း ဆည်းထားတဲ့ နေရာတွေကို အာသံရိုင်ဖယ်အဖွဲ့က ဧပြီ ၃၀ ရက်နေ့မှာ စီးနင်းခဲ့ပါတယ်။

ထောက်လှမ်းရေးသတင်းကို အခြေခံပြီး အာသံရိုင်ဖယ်အဖွဲ့က အဲဒီနေ့နံနက်စောစောပိုင်းမှာ စီးနင်းရှာဖွေစဉ် အမျိုးသားတစ်ဦးနဲ့ ၈၁ မမ မော်တာပြောင်း ၁၁ခုကို သိမ်းဆည်းရမိခဲ့ပါတယ်။

ထပ်ပြီးရှာဖွေရာမှာ ၁၀၆ မမ မော်တာပြောင်း ၄ခု၊ ပစ္စတို ၁၀လက်၊ လက်ကိုင် စကားပြောစက် ၁၉၈လုံး၊ ဂြိုလ်တုဖုန်းတစ်လုံး၊ Kenbo ဆိုင်ကယ်တစ်စီးနဲ့ Boleroကားတစ်စီးကို အာသံရိုင်ဖယ်အ ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

အခုလို စစ်သုံးအဆင့် လက်နက်ကြီးတွေ ဖမ်းဆီးရမိတာက နယ်စပ်မှာလက်နက်မှောင်ခိုကူးမှုအ ပေါ် အာသံရိုင်ဖယ်အဖွဲ့ရဲ့ နှိမ်နှင်းမှုအတွင်း ကြီးမားတဲ့အောင်မြင်မှုဖြစ်ပါတယ်။

ဒါဟာဒေသတွင်း ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖို့ ကြိုးပမ်းနေသူတွေ အတွက်တော့ ကြီးမားတဲ့ထိုး နှက်ချက်ဖြစ်တယ်လို့ အိန္ဒိယအရာရှိတစ်ဦးက ပြောကြားပါတယ်။

ဖမ်းဆီးထားသူနဲ့ သိမ်းဆည်းရမိထားတဲ့ လက်နက်တွေကို နာဂလန်း ရဲတပ်ဖွဲ့ဆီအပ်နှံခဲ့ကြောင်း အာသံရိုင်ဖယ်အဖွဲ့က ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အိန္ဒိယနိုင်ငံထဲဝင်ရောက်ခိုလှုံတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယကပြန်ပို့နေပြီး နယ်စပ်ကို ခြံစည်းရိုးကာဖို့ကိုလည်း စီစဉ်နေပါတယ်။

အိန္ဒိယ နိုင်ငံထဲ ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အိန္ဒိယက ပြန်လည်ပို့ ဆောင်နေပြီး နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်နေပါတယ်။

Ref:Times Of India

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.