April 2024

မွန်ပြည်တည်ထောင်မယ်လို့ မွန်ပြည်သစ်ပါတီ AD ကြေညာ

ရေး ၊ ဧပြီ ၂ တိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံတဲ့ ပြည်နယ်တွေ (ဖက်ဒရယ်ယူနစ်တွေ)နဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း မွန်ပြည်တည်ထောင်မယ်လို့ မွန်ပြည်သစ်ပါတီ AD က ကြေညာလိုက်ပါတယ်။ မွန်ပြည်သစ်ပါတီ AD က နိုင်ငံရေးရပ်တည်ချက်တူညီတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ အတူတကွလက်တွဲပြီး မျှော်မှန်းတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်ဖို့ နိုင်ငံရေး ရပ်တည်ချက်…

ဓမ္မသရွာမီးလောင်မှုအတွင်း ဒေသခံတစ်ဦး မီးလောင်သေဆုံး

ကျိုက်မရော ၊ ဧပြီ ၂ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ရဲ့ တောင်ဘက်မှာရှိတဲ့ ဓမ္မသရွာ မီးလောင်မှုအတွင်း ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ဦး မီးကျွမ်းသေဆုံးခဲ့ရတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေးသ မားတွေဆီက သိရပါတယ်။ ဓမ္မသရွာကို စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေတပ်တွေကနေ လက်နက်ကြီးအမြောက်တွေနဲ့ ပစ် ခတ်မှုကြောင့် မတ် ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ အရပ်သားနေအိမ်တွေပေါ် ကျရောက်…

တနင်္သာရီမှာ PDF ကင်းစခန်းအလစ်ငိုက်တိုက်ခံရပြီး ရဲဘော်နှစ်ဦးကျဆုံး

တနင်္သာရီ၊ ဧပြီ ၂ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှာရှိတဲ့ PDF ကင်းစခန်းတစ်ခု အလစ်ငိုက်တိုက်ခိုက်ခံရတာကြောင့် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ တမုတ်ချုံးကျေးရွာမှာရှိတဲ့ ပြည်သူ့ကာကွယ် ရေး အဖွဲ့ တွေရဲ့ ကင်းစခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က…

ထားဝယ်မှာ အင်အားလာဖြည့်တဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ထားဝယ်၊ ဧပြီ ၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ အမှတ် (၃၀၂) အမြောက်တပ်ရင်းကို အင်းအားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။ မနေ့ မတ် ၃၁ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ အင်အား ၈၀ ဝန်းကျင်၊ မြေတင်ကား ၂ စီးနဲ့ ကလိန်အောင်ဘက်မှ…

ဖျာပုံထောင်မှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ၁၇ ဦးဒဏ်ရာရ

ဖျာပုံ – ဧပြီ ၁ ဧရာဝတီတိုင်း၊ဖျာပုံထောင်အတွင်းမှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါ အဝင် အကျဉ်းသား ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင်အတွင်း ပစ်ခတ်သံတွေကြားရပြီး နောက် စစ်ကားတွေထောင်အတွင်းဝင်ရောက်သွားတယ်လို့သိရပါတယ်။ အကျဉ်းထောင်အတွင်း ပစ်ခတ်ဖြိုခွင်းတာဟာ ဘာကြောင့်ဖြစ်တယ်လို့ဖော်ပြထားတာမရှိသေး သလို သံလွင်တိုင်းမ်အနေနဲ့လည်း စစ်ကောင်စီအကျဉ်းဦးစီးဌာနကို…

စလင်းမှာ အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ဦးကို စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်

စလင်း – ဧပြီ ၁ မကွေးတိုင်း၊စလင်းမြို့နယ်မှာ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ် လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်လိုက်တာဖြစ်ပြီး ၂၆ ရက်နေ့မှာတော့ အလောင်းပြန်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ စလင်းမြို့နယ် အောက်လှိုင်းရွာသား ကိုနေလင်းမောင်ဆိုသူဖြစ်ပြီး သူဟာ စျေးရောင်းသွားချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ကောင်လေးက…

ရေး – ထားဝယ် – သရက်ချောင်း လမ်းပိုင်း သွားလာချိန် ကန့်သတ်

ရေး – ဧပြီ ၁ အာဏာသိမ်းစစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်အရှိန်မြှင့်မှာဖြစ်တဲ့အတွက် အမှတ် ၈ ပြည်ထောင်စုလမ်းမ ရေးတောင်ပိုင်းကနေ ထားဝယ် သရက်ချောင်းလမ်းပိုင်းကို သတ်မှတ် အချိန်အတွင်းသာ သွားလာခွင့်ပြုမယ်လို့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း သာသွားလာခွင့်ပေးတော့မှာဖြစ်တယ်လို့ ဆိုထားတာပါ။ သတ်မှတ်လမ်းပိုင်းအတွင်း…