April 2024

ထိုင်းနိုင်ငံမှာ လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့သူတွေဟာ NUG ထောက်ပို့နဲ့ PDF တပ်သားတွေလို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ထိုင်းနိုင်ငံမှာ ကရိန်းပြိုကျပြီးသေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသာတွေဟာ NUG ထောက်ပို့နဲ့ PDF တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်ဝေနေတာနဲ့ ပတ်သတ်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Truth Media၊Kyaw Swar နဲ့…

ရခိုင်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး မကွေးမှာ ဖမ်းဆီးရမိ

အမ်း၊ ဧပြီ ၄ ရခိုင်ပြည်နယ် အမ်းမြို့နဲ့မင်းပြားမြို့နယ်တို့ကနေ ထွက်ပြေးလာတဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို မကွေးတိုင်းအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA Magway က ဧပြီ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မင်းပြားအခြေစိုက် အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းကနေ ထွက်ပြေးလာတဲ့ ခလရ ၆၃ လက်အောက်ခံ စစ်ကောင်စီတပ်သား ၂ ဦးကို မတ်…

ဘီးလင်းမှာ အုပ်ချုပ်ရေးမှူးရုံးအကူတစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ ဧပြီ ၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာမှာ မနေ့ ဧပြီ ၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က အုပ်ချုပ်ရေးမှူးရုံးအကူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ပါတယ်။ အုပ်ချုပ်ရေးမှူးရုံးအကူ ဦးကျော်ကျော်ကို KRF နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းတပ်ဖွဲ့တွေက တောင်စွန်းကျေးရွာ ဦးစန်းမောင်ဆီဆိုင်အရှေ့မှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးရုံးအကူ…

ဖာပွန်မှာ တစ်လအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ၉ သေဆုံး ၃၁ ဦးဒဏ်ရာရ

ဖာပွန်၊ ဧပြီ ၄ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ ပြီးခဲ့တဲ့မတ်လ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ် ခတ်တိုက်ခိုက်မှုတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ကနေ…

နေပြည်တော်စစ်ရုံးချုပ်နဲ့အေလာလေတပ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

နေပြည်တော်၊ဧပြီ ၄ နေပြည်တော်အခြေစိုက် စစ်ကောင်စီ စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာ နေပြည်တော်နဲ့ အေလာလေတပ်ကို ဒရုန်းတွေနဲ့ တပြိုင်နက်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်မှုတွေရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာမီကာဇေ ဒရုန်းတွေကို အသုံးပြု ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “လက်တလောထိခိုက်မှုတွေရှိတယ်လို့တော့ ပြောလို့ရပါတယ်။ ဘယ်လောက်ထိခိုက်မှုရှိတယ်ဆို တာကိုတော့ ပြောလို့မရသေးပါဘူး။ ရှေ့လုပ်ငန်းစဉ်တွေရှိသေးလို့ပါ”…

နှစ်နိုင်ငံတင်းမာမှုတွေရပ်တန့်ရေး အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တို့ ဆွေးနွေး

ဝါရှင်တန်၊ ဧပြီ ၄ မြင့်တက်လာနေတဲ့ တင်းမာမှုတွေကို ရပ်တန့်စေဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ နိုဝင်ဘာလကတွေ့ဆုံပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၂ ရက်နေ့က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့် မေလမှာကျင်းပမယ့် ထိုင်ဝမ်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဘိုင်ဒန်အနေနဲ့ တရုတ်တစ်ပြည်ထောင်တည်း မူဝါဒကို ထောက်ခံကြောင့် ထပ်ပြီး အတည်ပြုမှာဖြစ်သလို…

ယူကရိန်းကို စစ်ရေးအကူအညီ ယူရို ၁၀၀ ဘီလျံပေးပို့ဖို့ နေတိုးအဖွဲ့ ဆွေးနွေး

ဘရပ်ဆဲလ်၊ ဧပြီ ၄ ယူကရိန်းနိုင်ငံအတွက် ၅ နှစ်တာ စစ်ရေး ရန်ပုံငွေ ယူရို ၁၀၀ ဘီလျံ ပေးဖို့အဆိုပြုချက် အပါအဝင် ယူကရိန်းကို စစ်ရေးအကူအညီပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့ဝင် ဝန်ကြီးတွေ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ လက်နက်ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်ရာမှာ ပိုပြီးတိုက်ရိုက်ကျတဲ့ အခန်းကဏ္ဍက ပါဝင်လာနိုင်မှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် ဂျန်စတိုးလ်တန်ဘာ့ဂ်က အဆိုပြုထားတယ်လို့ သံတမန်တွေက…

စစ်အာဏာသိမ်း (၁၁၅၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၃၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၄ AAPP ရဲ့ ဧပြီ ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၅၈) ရက်အတွင်း ပြည်သူ (၄၈၃၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၇၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်မှုထမ်းအကြောင်းပြချက်နဲ့ ငွေကြေးတောင်းခံမှု အရေးယူမယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဧပြီ ၄ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြချက်နဲ့ ငွေကြေးနဲ့တခြားအခွင့်အရေးရယူတဲ့ ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။ ဧပြီ ၂ ရက်နေ့က ဗထူးတပ်နယ်ရှိ အောင်ဆန်းခန်းမမှာ ခြေလျင်တပ်စုမှူးသင်တန်းသားတွေ၊ ဗိုလ် လောင်းတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာဖြစ်ပြီး ဘယ်လိုပုံစံတွေနဲ့ အရေးယူသွားမလဲဆိုတာ ပြောသွားခဲ့တာ မရှိပါဘူး။ ဒုစစ်ခေါင်းဆောင်က…

ပြာပုံထဲက နိုးကြားလာတဲ့ ဟင်္သာမျိုးစိတ်တွေရဲ့ တော်လှန်သံ

ကျိုက်မရော ၊ ဧပြီ ၄ စစ်အာဏာသိမ်းမှုအတွင်း အေးရာအေးကြောင်း နေထိုင်လာခဲ့ကြတဲ့ မွန်လူထုအများစုဟာ ဂျိုင်းမြစ်တောင်ဘက် မြစ်ကမ်းနဘေးမှာရှိတဲ့ ဓမ္မသရွာ မီးလောင်ပြာကျခဲ့ရချိန်မှာတော့ ဟင်္သာမျိုးစိတ်တွေရဲ့ တော်လှန်သံတွေ နိုးကြားတက်ကြွလာကြပါတယ်။ တပ်မတော်နေ့လို့ မြန်မာစစ်တပ်က နှစ်ပေါင်း ၇၀ ကျော် ခေါ်ဝေါသုံးစွဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေး နေ့မှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ဒေသက မွန်လူထုတွေနေထိုင်တဲ့ ဓမ္မသရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့…