April 19, 2024

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခဖြစ်ပွားနိုင်ခြေ မြင့်တက်နေပြီလို့ ကုလအကြီးအကဲ သတိပေး

နယူးယောက်၊ဧပြီ ၂၀ အီရန်ရဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်မြင့်တက်လာနေတဲ့အတွက် ရာနှုန်းပြည့် ပဋိပက္ခဖြစ်ပွားနိုင်ခြေ မြင့်တက် နေပြီလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။ အစ္စရေးရဲ့ ဂါဇာကိုတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းနယ်မြေမှာ ပိတ်မိနေသူတွေအတွက် လူသားချင်းစာနာမှု ငရဲခန်းလိုဖြစ်နေတယ်လို့ ဂူတာရက်စ်က ဆိုထားပါတယ်။ ဂျော်ဒန်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတွေအပါအဝင် နိုင်ငံခြားရေးဝန်ကြီးအများအပြားတက် ရောက်ခဲ့ကြတဲ့ အဆင့်မြင့်လုံခြုံရေးကောင်စီ အစည်းအဝေးမှာ…

ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှု အမေရိကန် ပယ်ချ

ဝါရှင်တန်၊ဧပြီ ၂၀ ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို ထောက်ခံပေးမယ့် လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ဧပြီ ၁၈ ရက်နေ့မှာ ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ တယ်လို့ သိရပါတယ်။ နိုင်ငံတည်ထောင်ခွင့်အတွက် အမေရိကန်နဲ့ လက်တွဲဖော် နိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့အတူ အစ္စရေး နဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကြား တိုက်ရိုက်ဆွေးနွေးပြီး ကြိုးပမ်းသင့်တယ်လို့ အမေရိကန်က ရှုမြင်ထားဆဲဖြစ်တယ်လို့ ကန်သံအမတ် ရောဘတ်ဝုဒ့်က…

စစ်အာဏာသိမ်း (၁၁၇၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၀ AAPP ရဲ့ ဧပြီ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၇၄) ရက်အတွင်း ပြည်သူ (၄၉၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၄၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၆၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ကောင်စီလက်ထက် နယ်စပ်ကုန်သွယ်မှုတန်ဖိုး စံချိန်တင်ထိုးကျ

မော်လမြိုင် ၊ ဧပြီ ၂၀ နှစ်စဉ်အမေရိကန်ဒေါ်လာသန်းပေါင်း သောင်းနဲ့ချီ ကုန်သွယ်မှုရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ စစ်ကောင်စီလက်ထက်မှာ စံချိန်တင်ထိုးကျလာတဲ့ အခြေအနေနဲ့ကြုံနေရတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က နယ်စပ်ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၆၀၀ ကျော်အထိ ရှိခဲ့ပေမယ့် အာဏာသိမ်းသုံးနှစ်ရဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့…

စစ်မှုထမ်းအပတ်စဉ် (၁) မှာ လူငယ် ၄၃၀၀ ကျော် စစ်သားစုဆောင်းခံရ

နေပြည်တော် ၊ ဧပြီ ၂၀ နိုင်ငံတဝန်းမှာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၁)အတွက် လူငယ် ၄၃၀၀ ကျော်ကို စစ်သားစုဆောင်းပြီး သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ထားတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့ လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဧပြီ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ BACS ရဲ့ အစီရင်ခံစာအရ…

ကျိုက်ထိုမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခု တိုက်ခိုက်ခံရ

ကျိုက်ထို၊ ဧပြီ ၂၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာနဲ့လက်ပံပင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်း ၃ ခုကို ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဧပြီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ အင်္ဂဘိုတာဝါတိုင်ကုန်း၊ ရှော်နီကုန်း၊ လက်ပံပင်သချိုင်းတို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့…

ကျုံဒိုးမြို့ဝင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေဝင်တိုက်

ကျုံဒိုး၊ ဧပြီ ၂၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ဝင်ရှိ စစ်ကောင်စီရဲ့ ခမရ ၅၄၅ တပ်ရင်းကို ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီ ခမရ ၅၄၅ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF အပါအ ဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်…

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရ

မြစ်ကြီးနား၊ဧပြီ ၁၉ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားလေတပ်စခန်းဌာချုပ် နန့်ပေါင်လေတပ် ကို ရှေ့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NB-PDF က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဧပြီလ ၁၉ ရက်နေ့မနက်ပိုင်းက ရှော့တိုက်ဒုံးဆယ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုတွေရှိနိုင်တယ်လို့ သိရပါတယ်။ ပြည်သူတွေကို လေကြောင်းသုံးတိုက်ခိုက် သတ်ဖြတ်နေတဲ့အတွက် အခုလိုပစ်မှတ်ထားတိုက် ခိုက်ခဲ့တာဖြစ်တယ်လို့ NB-PDF ကဆိုပါတယ်။ ရှော့တိုက်ဒုံးတွေဟာ ရွှေအိုက်ရပ်ကွက်အနီးက…

လွတ်ငြိမ်းခွင့်မှာ နိုင်ငံရေးအကျဉ်းသား ၃ ရာခိုင်နှုန်းသာ ပါဝင်

မော်လမြိုင်၊ ဧပြီ ၁၉ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသား ၃၃၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား ၃ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား…

ဆီဆိုင်ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

ဆီဆိုင်၊ဧပြီ ၁၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်ကားလမ်းပေါ်က ပုံလောင်းရွာအနီး မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က ဖြီတခေါ့ရွာက ဒေသခံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွားနေစဉ် လမ်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး စစ်ဆေးမေးမြန်းတာမရှိဘဲ ပစ်ခတ်ခဲ့ တာဖြစ်တယ် လို့ ဆိုထားပါတယ်။ ဆီဆိုင်မြို့ကို PNLA…