မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ကရင်ပြည်နယ်၊ ဂျိုင်းမြစ်ဒေသတွင်းက ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာအနီးက မွန်ရွာတွေကို တော်လှန်ရေးတပ်တွေက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို မှိုင်းဝေ၊ Kyaw Swar၊ Truth Media နဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်တပ်ဝါဒဖြန့် မီဒီယာ တွေနဲ့ စစ်တပ်ပရိုဖိုင်အသုံးပြုထားတဲ့ အကောင့်တုတွေက မတ်လ ၂၈ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့ တကွ စတင်ဖြန့်ဝေနေတာပါ။

ဂျိုင်းမြစ်ဒေသတွင်းက ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူး ပေါင်းတပ်တွေက မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ပြီးနောက် မတ်လ ၂၆ ရက်နေ့ ညနေ ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ဒေသခံရွာတွေ ထိခိုက်ပျက်စီးခဲ့ တာဖြစ်တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေ၊ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာတာကြောင့် ဂျိုင်းမြစ်ကြောင်းတလျှောက်က ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကို မေးမြန်းပြီး မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ် သတင်းဌာနမှာဖော်ပြထားပါတယ်။

လွတ်လပ်တဲ့ မီဒီယာတစ်ခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနမှာတော့ စစ်ကောင်စီတပ်ဟာ ကော့ဘိန်း ရဲစခန်းကို လက်လွှတ်လိုက်ရပြီးနောက် အနီးဝန်းကျင်ကို နေ့စဉ်ဆိုသလို စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ရေးသားထားပါတယ်။ 

မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း ကော့ဘိန်းဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ဘာသာနဲ့ အခုလို အသိပေးထုတ်ပြန်ထားပါတယ်။ သၞာံ ၂၀၂၄၊ ဂိတုမာတ် ၂၇၊ ပ္ဍဲတ္ၚဲပၠန်ကုဖါတ်သေတ်ဂှ် ပၞာန်တၠအဝဵုတအ်  နကု က္ၜင်ကျာ၊ ဒပ်ဍာ်၊ ဒပ်တိုက် တအ်တုဲ နူကဵု ဒၞာဲဇမ္ၚောဲ ပန်ပၠောပ်လွဟ်ဇၞော် ဇရေင် ကွာန်ဓမ္မသ၊ မၞုံပွိုင်ဍုင်ကျာ်မြဟ်၊ တွဵုရးဍုင်မန်တုဲ ပၟတ်တူအာ လၟိဟ်သ္ၚိ ဗၞတ် (၃၀၀)မပြင်၊ ကောန်ညး ဍုၚ်ကွာန် ၜိုတ်(၆၀၀၀)တၠ စိုပ်အာ ဘဲဒဒိုက်ပၞာန်တုဲ ကောန်ညးဍုင်ကွာန်ဖအိုတ်တအ်ဂှ် ဒှ်ဂကူမန် ဗွဲမဂၠိုင်ရောင်။

သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/thanlwintimes9/posts/pfbid0CEfM7qVEbNr9BRn6ZczFnRXYTRJfnaBTvqvUi8LHYfUzMhAeJWae4a7oAoWUBdZJl?_rdc=1&_rdr

မဇ္ဈိမသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC

https://mobile.facebook.com/story.php?story_fbid=pfbid0Lyce6cy45ryBJjpJgbUsWPpU7uWmCHz2ki2BQxDCuvNyaJyhZkb4BGtFcXWj5y4al&id=100089259296954&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.