ဖျာပုံ – ဧပြီ ၁
ဧရာဝတီတိုင်း၊ဖျာပုံထောင်အတွင်းမှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါ အဝင် အကျဉ်းသား ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင်အတွင်း ပစ်ခတ်သံတွေကြားရပြီး နောက် စစ်ကားတွေထောင်အတွင်းဝင်ရောက်သွားတယ်လို့သိရပါတယ်။
အကျဉ်းထောင်အတွင်း ပစ်ခတ်ဖြိုခွင်းတာဟာ ဘာကြောင့်ဖြစ်တယ်လို့ဖော်ပြထားတာမရှိသေး သလို သံလွင်တိုင်းမ်အနေနဲ့လည်း စစ်ကောင်စီအကျဉ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာလည်း မရှိခဲ့ပါဘူး။
ဒီနေ့ဧပြီလ ၁ ရက်နေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေဟာ အကျဉ်းထောင်ထဲ မှာရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ခေါ်ယူစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ အသိ ပေးထားပါတယ်။
ဒါ့အပြင် ထောင်ဝင်စာ ပါဆယ်ပို့ခွင့်ကိုလည်း စစ်ကောင်စီဘက်က ပိတ်ပင်လိုက်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက်က ထောင်တွင်းနောက်ဆုံးအခြေ အနေတွေကို ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM