March 26, 2024

တိုက်လေယာဉ်တွေ ရောင်းချဖို့ ဂျပန်အစိုးရ ခွင့်ပြု

တိုကျို၊ မတ် ၂၇ ဗြိတိန်၊အီတလီတို့နဲ့ ပူးပေါင်းထုတ်လုပ်နေတဲ့ မျိုးဆက်သစ်တိုက်လေယာဉ်တွေကို တခြားနိုင်ငံတွေဆီ ရောင်းချဖို့ ဂျပန်အစိုးရအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ဂျပန်ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလက်နက်တင်ပို့မှုကို တားမြစ်ထား တာကြာပြီဖြစ်ပေမယ့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အရင်မူဝါဒတွေကို ပြောင်းလဲခဲ့တာပါ။ သူတို့ရဲ့ သက်တမ်းရင့်နေပြီဖြစ်တဲ့ အမေရိကန်ထုတ် F-2 တိုက်လေယာဉ်အုပ်စုနေရာမှာ အစား ထိုးအသုံးပြုဖို့…

ဂါဇာအပစ်ခတ်ရပ်စဲရေး ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ အတည်ပြု

နယူးယောက်၊ မတ် ၂၇ ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်းအပစ်ခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အပစ်ခတ်ရပ်စဲရေး တောင်းဆိုချက် အကြိမ်ကြိမ်မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ကောင်စီက ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်မှာ ဓားစာခံတွေ ချက်ချင်း ချွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ အစ္စရေးဝန်ကြီးချုပ်ရုံးက အပစ်ခတ်ရပ်စဲရေးနဲ့ ဓားစားခံတွေ လွတ်မြောက်ရေး တိုက်ရိုက် ဆက်စပ်နေတယ်ဆိုတဲ့ သဘောထားရပ်တည်ချက်ကို…

စစ်အာဏာသိမ်း (၁၁၅၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၇၈၇) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၂၇ AAPP ရဲ့ မတ် ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၅၀) ရက်အတွင်း ပြည်သူ (၄၇၈၇ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၄၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်

ရန်ကုန်၊ မတ် ၂၇ ပြီးခဲ့တဲ့အစိုးရလက်ထက်က ကိုဗစ်ကပ်ရောဂါနဲ့အတူ ကျဆင်းခဲ့တဲ့ မြန်မာ့စီးပွားရေး ပြန်လည်ဦး မော့လာပြီလို့ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသတင်းဌာနတစ်ခုနဲ့ သီးသန့်အင်တာဗျူးအစီအစဉ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါကြောင့်ပဲ ကျဆင်းတာမဟုတ်ဘဲ ပြီးခဲ့တဲ့ NLD အစိုးရလက် ထက် ၂၀၁၈ ခုနှစ်လောက်ကတည်းက စီးပွားရေးစီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် ကျဆင်းရတာဖြစ်တယ်လို့ အပြစ်ဖို့ခဲ့ပါသေးတယ်။ အခုလို ကျဆင်းခဲ့တဲ့…

စစ်ကြောင်းဝင်လာလို့ ဂျိုင်းမြစ်ကြောင်းတလျှောက်က ကျေးရွာနေပြည်သူတွေ ထွက်ပြေးနေရ

ကော့ကရိတ် ၊ မတ် ၂၇ ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် စစ် ကြောင်းဝင်ရောက်လာတာကြောင့် ဂျိုင်းမြစ်ကြောင်းတလျှောက်က ကျေးရွာနေပြည်သူတွေ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး မတ် ၂၅ ရက်နေ့…

ကော့ကရိတ်တိုက်ပွဲမှာ PDF ရဲဘော် ၄ ဦးကျဆုံး

ကော့ကရိတ်၊ မတ် ၂၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲမှာ PDF ရဲဘော် ၄ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက မတ် ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ အမှတ် ၃ ရဲစခန်း၊ တောင်ပေါ်ကျောင်း၊ မြို့ တော်ဦးနေရာ တွေကို မတ် ၂၅…

ရာသီဥတုကြောင့် တပ်မတော်နေ့အခမ်းအနား ညနေပိုင်းကျင်းပရတာလို့ စစ်ကောင်စီပြော

နေပြည်တော်၊ မတ် ၂၇ မတ် ၂၇ ရက်နေ့မှာ ကျရောက်မယ့် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရာ သီဥတုအခြေအနေကြောင့် ညနေပိုင်းမှာ ပြောင်းလဲကျင်းပသွားမယ်လို့ စစ်ကောင်စီဘက်က ပြောလာပါတယ်။ အရင်က တပ်မတော်နေ့ကို မနက်ပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ အယ်လ်နီညိုရာ သီဥတုကြောင့် ညနေပိုင်းနဲ့ညပိုင်းမှာ ကျင်းပရတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၆…

မြေပုံမြို့နယ် ညောင်ကန်ရွာကို စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲပြီး AA လုပ်တာလို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ပြီး ရက္ခိုင့်တပ်တော် AA ဘက်က လုပ်တာလို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို…

ကျိုက်ထိုမှာ လက်နက်ကိုင် သင်္ဃန်းဝတ်တစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ

ကျိုက်ထို၊ မတ် ၂၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာမှာ မနေ့ မတ် ၂၅ ရက်နေ့က လက်နက်ကိုင် သင်္ဃန်းဝတ်တစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦးတို့ကို သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ပါတယ်။ အဲဒီနေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကင်မွန်းချောင်းကျေးရွာ စင်တော်ကဖီးဆိုင်ထဲကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ကျောက်ဖြူတောင်ကျောင်းနေ လက်နက်ကိုင်သင်္ဃန်းဝတ် ဦးစန္ဒိမာနဲ့ ကဖီးဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းတို့ကို…

ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံး ဝိုင်းရံပိတ်ဆို့ခံထားရ

ဖာပွန်၊ မတ် ၂၆ ကရင်ပြည်နယ် ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေအားလုံးကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး အလုံးစုံထွက်ခွာသွားဖို့ ဖိအားပေးလုပ်ဆောင်လျက်ရှိနေတယ်လို့ KNU ဖာပွန်ခ ရိုင် တပ်မဟာ ၅ က ထုတ်ပြန်ပါ တယ်။ အခုလ မတ်လ ၁၉ ရက်နေ့ကစတင်ပြီး ဖာပွန်မြို့တောင်ဘက်မှာ အခြေချတဲ့ စစ်ကောင်စီလက် အောက်ခံတပ်ရင်းတွေအားလုံးစခန်းတည်ရှိရာ မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင်နဲ့ ဝေဆာတို့ရဲ့ ကူးလူးဆက်သွယ်ရေး…