March 16, 2024

စစ်မှုထမ်းတိမ်းရှောင်သူတွေကို တရားခံပြေးအဖြစ် အရေးယူမယ်လို့ စစ်ကောင်စီ ပြော

မော်လမြိုင် ၊ မတ် ၁၇ စစ်မှုထမ်းဆောင်ရမယ့် အသက်အရွယ်မှာ ကျုံးဝင်တဲ့ လူငယ်တွေအနေနဲ့ အကြောင်းပြချက် မခိုင်လုံဘဲ စစ်မှုမထမ်းဖို့ တိမ်းရှောင်ပါက တရားခံပြေးအဖြစ် သတ်မှတ်အရေးယူသွားမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်လာပါတယ်။ အိမ်ထောင်စုစာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ တစ်ဦးဟာ နေအိမ်မှာ မရှိပါက ကျန်ရှိတဲ့ မိဘအုပ်ထိန်းသူ ဒါမှမဟုတ် ဆွေးမျိုးသားချင်း တစ်ဦးဦးက ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရမယ်လို့…

မွန်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေ သတိပေး

မော်လမြိုင် ၊ မတ် ၁၇ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် နိုင်ငံအနှံ့ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲ တွေနဲ့အတူ မွန်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူလူထု တွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့ တော်လှန်‌ရေးအဖွဲ့တွေက မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကချင်၊ ကရင်နီ၊ ရခိုင်နဲ့ ကရင်ဒေသတွင်းက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် မဆုတ်တမ်းခံတပ်စခန်းတွေ တပ်ရင်းဌာနချုပ်တွေ ဗျူဟာကုန်းတွေ…

ကော်သူးလေတပ်မတော်ရဲ့ စစ်သင်တန်းကွင်း ဗုံးကြဲတိုက်ခိုက်ခံရ

တနင်္သာရီ၊ မတ် ၁၆ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း မောတောင်မြို့အနီးက ကော်သူးလေတပ်မတော် KTLA စစ်သင်တန်းကွင်းကို စစ်ကောင်စီဘက် လေယာဉ်နဲ့လာရောက် ဗုံးကြဲသွားတယ်လို့ တောင်ပိုင်းညီနောင်တပ်ပေါင်းစု SBA စစ်ကြောင်းထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ဒေသအခေါ် နေကျော်ဒေသနဲ့ ဆက်စပ်နေတဲ့ KTLA စစ်သင်တန်းကွင်းကို စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်…

လေတပ်စစ်ရေး လေ့ကျင့်မှုတွေ ကင်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်

ပြုံယမ်း၊ မတ် ၁၇ မြောက်ကိုရီးယား လေတပ်စစ်ရေး လေ့ကျင့်မှုတွေကို ခေါင်းဆောင် ကျင်ဂျုံအန်က ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး စစ်ပွဲအတွက် လက်တွေ့ကျကျကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာန KCNA က ဖော်ပြထားပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာပါ။ စစ်ပွဲနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ လက်တွေ့…

ရုရှားထံ ပဲထိန်းဒုံးကျည်တွေမပေးဖို့ အီရန်ကို G7 သတိပေး

တီဟီရန် ၊ မတ် ၁၇ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားထံ ပဲ့ထိန်းဒုံးကျည်တွေမပေးပို့ဖို့အတွက် အီရန်နိုင်ငံကို G7 အဖွဲ့ဝင်နိုင်ငံတွေက သတိပေးလိုက်ပြီး ပေးပို့ခဲ့မယ်ဆိုပါက အရေးယူသွားမှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ ဒါမှမဟုတ် ဆက်စပ်နည်းပညာတွေကို ရုရှားဆီပေးပို့ခဲ့မယ်ဆိုပါက အီရန်ကို သိသာတဲ့ အရေးယူမှုအသစ်တွေအပါအဝင် အလျင်အမြန် တုံ့ပြန်ရေး ပြင်ဆင်ထားတယ်လို့ G7 ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီရန်က…

စစ်ကောင်စီက ပွင့်ဖြူနဲ့ စေတုတ္တရာမှာ တစ်အိမ်တက်တစ်အိမ်ဆင်း လူသစ်စုဖို့ ကြိုးပမ်းနေ

ပွင့်ဖြူ – မတ် ၁၆ မကွေးတိုင်း၊ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တစ်အိမ်တက် တစ်အိမ်ဆင်း လူသစ်စုဆောင်းဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီအရာရှိတွေကိုယ်တိုင် နေအိမ်တွေအထိသွားရောက်ပြီး ပြည်သူ့စစ်အတွက် ခေါ်ဆောင်တာတွေလုပ်ဆောင်နေတာပါ။ ပွင့်ဖြူမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ကျေးရွာတွေမှာ နေ့စဉ်နီးပါး လိုက်လံစည်းရုံးမှုတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့က စစ်မှုထမ်းဖို့အတွက်လာရှင်းပြရင်းနဲ့ ပြည်သူ့စစ်အကြောင်းပါပြောတာ၊ စစ်မှုထမ်းက…

ရန်ကုန်က စစ်မှုထမ်းဖို့ပထမအဆင့်ရွေးချယ်ခံရတဲ့ လူငယ်တွေ မဲနှိုက်ရတော့မယ်

ရန်ကုန် – မတ် ၁၅ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းက အသက်ကန့်သတ်ချက် အကျုံးဝင်တဲ့ လူငယ်တွေကို အုပ်ချုပ်ရေးမှူးက တဆင့် စစ်မှုထမ်းဖို့ ရွေးချယ်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရွေးချယ်လိုက်တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက် အတွင်းက လမ်းတစ်လမ်းကို အမျိုးသား ၄ ဦးစီရွေးချယ်ထားကာ…

မင်းပြားမှာ စစ်တပ်ရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေဟာ လူမျိုးရေးပဋိပက္ခကြောင့်လို့ စစ်တပ် လော်ဘီတွေ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ် ငတန်ပျင်းကျေးရွာက အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ပြီး အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာဟာ လူမျိုးရေး ပဋိပက္ခကြောင့် ဖြစ်ရတာကို စစ်တပ်လော်ဘီတွေဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာ…

ကနီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သား ၅၀ နီးပါးသေဆုံးခဲ့တယ်လို့ MOD ထုတ်ပြန်

ကနီ – မတ် ၁၆ စစ်ကိုင်းတိုင်း၊ကနီမြို့အခြေစိုက်စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်သား ၄၇ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကစတင်ပြီး မတ်လ ၁၂ ရက်နေ့အထိ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် မြို့ကို ၁၁ ရက်ကြာ ထိန်းထားနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က…

ဝေါမှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ဝေါ၊ မတ် ၁၆ ပဲခူးတိုင်း ဝေါမြို့နယ် ငှက်ပျောတပင်သောင်ပြင်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေး တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်မှာ အုတ်ဖိုကျေးရွာနေ ဦးသောင်းဟန်နဲ့ဒေါ်ကေသီရဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး…