March 13, 2024

Move Forward ပါတီ ဖျက်သိမ်းရေး ရွေးကောက်ပွဲကော်မရှင်က တရားရုံးထံတောင်းဆိုမယ်

ဘန်ကောက်၊ မတ် ၁၄ နန်းတော်အပေါ်စော်ကားမှုကို တားမြစ်ထားတဲ့ဥပဒေကို ပြောင်းလဲရေး Move Forwardပါတီရဲ့ ကြိုးပမ်းမှုက နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ကို အားလျော့စေလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ပါတီဖျက်သိမ်းရေး ထိုင်းရွေး ကောက်ပွဲကော်မရှင်က တရားရုံးကိုဦးတိုက် လျောက်ထားမှာဖြစ်တယ်လို့ မတ် ၁၂ရက်နေ့မှာ ပြောကြားပါတယ်။ ပြီးခဲ့တဲ့နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီက နန်းတော်စော်ကားမှုဆိုင်ရာ ဥပဒေကို ပြောင်းလဲဖို့ စီစဉ်နေတာဟာ…

ဘိုင်ဒန်နဲ့ ထရန့်တို့ကို သူတို့ရဲ့ပါတီတွေက ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းမယ်

ဝါရှင်တန်၊ မတ် ၁၄ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ဟာ သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေး သူတို့ရဲ့သက်ဆိုင်ရာပါတီတွေက အမည်စာရင်းတင်သွင်းဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေနဲ့ အားလုံး ကိုက်ညီသွားပြီဖြစ်ကြောင်း CBSသတင်းမှာ ဖော်ပြထားပါတယ်။ မတ် ၁၂ ရက်က သူတို့အတွက် ပါတီတွင်း ရွေးကောက်ပွဲတွေကို ပြည်နယ်လေးခု၊ အမေရိကန်နယ်နိမိတ် တစ်ခုနဲ့ ပြည်ပမှာနေထိုင်တဲ့ ဒီမိုကရက်တို့အတွက်ကျင်းပပေးခဲ့ပါတယ်။ ရလဒ်တွေအရ…

ဘိန်းစိုက်ခင်း ဧကပေါင်း ၁၀၀၀ ကျော် TNLA ဖျက်ဆီး

နမ့်ခမ်း၊ မတ် ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် စစ်ကောင်စီလက်အောက်ခံ ပန်းဆေးပြည်သူ့စစ် ထိန်းချုပ်ထားတဲ့ ဒေသတွေက ဘိန်းစိုက်ခင်း ဧက ၁၀၀၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ နမ့်ခမ်းမြို့နယ် တပ်မဟာ (၁) စစ်ဒေသမှာရှိတဲ့ ကျေးရွာ ၁၅ ရွာက ဘိန်းစိုက်ခင်း ၁၁၂၅ ဧကကို ပြီးခဲ့တဲ့ မတ်…

စစ်အာဏာသိမ်း (၁၁၃၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၁၃ AAPP ရဲ့ မတ် ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၃၆) ရက်အတွင်း ပြည်သူ (၄၆၇၇ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၃၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ပွဲလမ်းသဘင်တွေမလုပ်ဖို့ မွန်ပြည်သစ် AD ပိတ်ပင်တားမြစ်

ကြာအင်းဆိပ်ကြီး ၊ မတ် ၁၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသမှာ ပွဲလမ်းသဘင်တွေမလုပ်ဖို့ မွန်ပြည်သစ်ပါတီ စစ်အာ ဏာရှင်တိုက်ဖျက်ရေး NMSP-AD ကနေ အမိန့်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ မတ် ၁၀ ရက်နေ့ ရက်စွဲနဲ့ အမှတ်၁ ဒေသရုံး ၊ ကြာအင်းဆိပ်ကြီးဒေသ မွန်ပြည်သစ်ပါတီ စစ်အာ ဏာရှင်တိုက်ဖျက်ရေး NMSP-AD ကနေ ဒေသတွင်းရှိ ရဟန်းသံဃာ ပြည်သူလူထုနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ…

ရေးမှာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရလို့သေဆုံး

ရေး၊ မတ် ၁၃ မွန်ပြည်နယ် ရေးမြို့နယ် သောင်ပြင်ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် ဦးသန်းစိုးဟာ မတ် ၁၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၅၄ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးသန်းစိုးနေအိမ်မှာရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက နေအိမ်ရှေ့မှ တံခါးခေါက်ပြီး သူနာမည်လာခေါ်တာကြောင့်…

တနင်္သာရီ ကျွန်းစုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

ကျွန်းစု၊ မတ် ၁၃ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးပူး ပေါင်းတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း-၂ ထံက သိရပါတယ်။ ဂျိုးတောင်ကျေးရွာမှာ အင်အား ၅၀ ဝန်းကျင်နဲ့ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မတ် ၁၁ ရက်နေ့ မနက် ၅…

မြဝတီမြို့မကျရေး စစ်ကောင်စီ လေယာဉ်နဲ့အဆက်မပြတ် စစ်ကူပို့ဆောင်နေ

မြဝတီ၊ မတ် ၁၃ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မကျရေးအတွက် စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်ထားသလို လေယာဉ်နဲ့အဆက်မပြတ် စစ်ကူပို့ဆောင်နေတယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ဒေသမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်တော် KNLA အပါအဝင်မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။ သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့…