March 12, 2024

အနောက်အုပ်စုရဲ့ ယူကရိန်းကို ပေးပို့မယ့်လက်နက်ကြီးကျည်တွေထက် ရုရှားသုံးဆတိုး ထုတ်နေ

မော်စကို၊ မတ် ၁၃ ယူကရိန်းကို ကူညီဖို့အမေရိကန်နဲ့ ဥရောပထုတ်လုပ်နေတဲ့ လက်နက်ကြီးတွေထက် ရုရှားဟာ သုံးဆပိုပြီး ထုတ်လုပ်နေတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။ ရုရှားဟာ တစ်လကို လက်နက်ကြီးကျည် ၂ သိန်းခွဲ ဒါမှမဟုတ် တစ်နှစ်ကို ၃ သန်းလောက် ထုတ်လုပ်နေတယ်လို့ နေတိုးထောက်လှမ်းရေးဌာနက ဆိုပါတယ်။ အမေရိကန်နဲ့ ဥရောပကတော့ ယူကရိန်းကို ပေးပိုဖို့ လက်နက်ကြီးကျည်…

နျူကလီးယား ထိပ်ဖူးအများအပြားသယ်ဆောင်နိုင်တဲ့ ဒုံးကျည် အိန္ဒိယ စမ်းသပ်

နယူးဒေလီ ၊ မတ် ၁၃ နျူကလီးယားထိပ်ဖူးအများအပြား သယ်ဆောင်နိုင်တဲ့ ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်တစ်မျိုး ကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ပြောကြားလိုက်ပါတယ်။ အကူအညီမလိုဘဲ ပစ်မှတ်အများကြီးကို တိုက်ခိုက်နိုင်တဲ့ MIRV နည်းပညာနဲ့ ပြည်တွင်းမှာပဲ ထုတ်လုပ်ထားတဲ့ Agni-5 ဒုံးကျည်စမ်းသပ်အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ မိုဒီက အသိပေးထားတာပါ။ Agni-5 ဒုံးကျည်ဟာ နျူထိပ်ဖူးအများကြီးကို…

တနင်္သာရီမှာ တစ်ရက်တည်း ဒေသခံ ၂ ဦး မိုင်းထိလို့ ခြေထောက်ပြတ်

ထားဝယ်၊ မတ် ၁၂ တနင်္သာရီတိုင်း ထားဝယ်နဲ့သရက်ချောင်းမြို့နယ်တို့မှာ မနေ့ မတ် ၁၁ ရက်နေ့ တစ်ရက်တည်း ဒေသခံ ၂ ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထားဝယ်မြို့နယ် ဇဟာကျေးရွာနေ အသက် ၆၀ အရွယ် ဒေါ်နှင်းမူဟာ နေအိမ်က သူပိုင်တဲ့ သီဟိုဠ်ခြံကိုသွားပြီး သီဟိုဠ်စေ့သွားကောက်ချိန် ခြံထဲမှာပင် မြေမြှုပ်မိုင်းနင်းခဲ့တာပါ။…

မုန်းမှာ စစ်ကြောင်းဝင်လာလို့ ရွာပေါင်း ၂၀ ကျော် ရွာလုံးကျွတ်ထွက်ပြေးနေရ

မုန်း၊ မတ် ၁၂ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ် ကြောင်းထိုးဝင်ရောက်တာကြောင့် ရွာပေါင်း ၂၀ ကျော် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ နတ်သံကွင်းမှ တဆင့် ဒရုန်းနဲ့ လက်နက်ကြီး အမြောက်အမြားအသုံးပြုပြီး…

“အများဆုံးကတော့ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲက မွန်လူငယ်လူရွယ် အများစုကလည်း ကျွန်တော်တို့ကို ဆက်သွယ်လာတာရှိပါတယ်”

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေအနေနဲ့ မွန်ပြည်အခြေပြု တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ဖိတ်ခေါ်ထားပါတယ်။ အဲဒီထဲမှာ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF လည်း ပါဝင်ပါတယ်။ ဒါကြောင့် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်လနီးပါးကြာ MSRF တပ်ထဲ လူငယ်တွေ ဝင်ရောက်ဆက် သွယ်လာတဲ့ အခြေအနေ၊ လက်ခံရေးအစီအစဉ်၊ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက် ပြီး…

ဘီးလင်းမှာ စစ်ကောင်စီလှည့်ကင်းကား ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး

ဘီးလင်း၊ မတ် ၁၂ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ ဘီးလင်း-တောင်စွန်းသွားလမ်း သံတံတားအနီးမှာ စစ်ကောင်စီလှည့်ကင်းကား ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ မတ် ၁၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကျိုက်ထိုကနေ တောင်စွန်းကျေးရွာဘက်ကို ဆိုင်ကယ်တစ်စီးတည်း…

စစ်တွေက မွတ်ဆလင်ရပ်ကွက်ကို AA က လက်နက်ကြီးနဲ့ ပစ်တာလို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ကသဲရပ်ကွက်ကို ရက္ခိုင့်တပ်တော် AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေး သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ဟန်ငြိမ်းဦး၊Saw Ba Maung နဲ့…

ရမ်းဗြဲမြို့ကို AA အပြီးသတ်သိမ်းယူ

ရမ်းဗြဲ၊ မတ် ၁၂ ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းပေါ်မှာရှိတဲ့ ရမ်းဗြဲမြို့ကို သုံးလနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။ ရက္ခိုင့်တပ်တော် AA ဟာ ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတတိယအပတ်အတွင်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ မတ် ၁၁ ရက်နေ့မှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်မကျန် ရှင်လင်းကာ မြို့တစ်ခုလုံး…

စစ်အာဏာသိမ်း (၁၁၃၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၇၄) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၁၂ AAPP ရဲ့ မတ် ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၃၅) ရက်အတွင်း ပြည်သူ (၄၆၇၄ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

စစ်မှုထမ်းဟောင်းတွေဆင့်ခေါ်မယ့် အရန်တပ်ဖွဲ့နည်းဥပဒေ စစ်ကောင်စီထုတ်ပြန်

နေပြည်တော် ၊ မတ် ၁၂ နိုင်ငံအနှံ့တိုက်ပွဲတွေအတွင်း အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ စစ်မှုထမ်းဟောင်းတွေကို အမြန်ဆုံးဆင့်ခေါ်နိုင်ဖို့ အရန်တပ်ဖွဲ့ နည်းဥပဒေကို မတ် ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အရန်တပ်ဖွဲ့ ဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ…