March 9, 2024

ဟေတီ အာဏာသိမ်းခေါင်းဆောင်ဟောင်းက ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆို

မက္ကစီကိုစီးတီး၊ မတ် ၉ အမေရိကန်မှာ ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် ဟေတီနိုင်ငံသို့ ပြန်ရောက်ရှိလာခဲ့တဲ့ ၂၀၀၄ အာဏာသိမ်းမှုဦးဆောင် ပါဝင်ခဲ့သူ ဂိုင်းဖိလစ်ပီက လက်ရှိဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့နဲ့ သူသမ္မတဖြစ်လိုတယ်လို့ မတ် ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပြည်ပမှာ နေထိုင်နေပြီး ပြန်လာဖို့လည်း ဆန္ဒရှိပုံမရတဲ့ လက်ရှိဝန်ကြီးချုပ် အာရီရယ် ဟင်နရီ နုတ်ထွက်ပေးဖို့ တိုက်ခိုက်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လများစွာကြာ အကြမ်းဖက်မှုတွေကြောင့်…

အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံခဲ့တဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ခံရ

ဂူဝါဟာတီ၊ မတ် ၉ အိန္ဒိယက မြန်မာနိုင်ငံနဲ့ ဗီဇာမလိုတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် သဘောတူညီမှု အဆုံးသတ်လိုက်ပြီလို့ ပြောကြားပြီးနောက် မြန်မာနိုင်ငံကနေ ဝင်ရောက်ခိုလှုံခဲ့တဲ့ ဒုက္ခသည်တွေထဲက ပထမအသုတ်ကို မတ် ၈ ရက်နေ့မှာ စတင်ပြန်ပို့ခဲ့ပါတယ်။ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာဒုက္ခသည်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ကျန်ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။…

သင်္ဃန်းညီနောင် သဘာဝတရားရိပ်သာကို KNLA လက်နက်ကြီးနဲ့ပစ်တာလို့ စစ်တပ် သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ်၊မြဝတီမြို့ သင်္ဃန်းညီနောင်ကို စစ်တပ်ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် သင်္ဃန်းညီနောင်ရွာသစ်ရွာမှာဖွင့်လှစ်ထားတဲ့ သဘာဝတရားရိပ်သာထိမှန်ပြီး အဘိုးအို ၂ ဦးသေဆုံးရတာကို KNLA ဘက်က ပစ်ခတ်လို့ဖြစ်တယ်ဆိုပြီး စစ်တပ်လော်ဘီတွေဘက်က သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Saw…

စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၀၀ ကျော်ကျူးလွန်

မော်လမြိုင် – မတ် ၉ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာလူ ၅ ဦးထက်မနည်းသေဆုံးခဲ့တဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၂၁၀ ခုကိုကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၇၉ ဦးသေဆုံးခဲ့တယ် လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာနေတဲ့ အရပ်ဘက်သုတေသနအဖွဲ့အစည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၁၀ မှုဟာ ၂၀၂၁…

KNU နယ်မြေထဲ လက်နက်ကြီးကျလို့ အရပ်သား ၇ ဦး သေဆုံး

မုန်း၊ မတ် ၉ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဟာ…

နိုင်ငံရေးအကျဉ်းသား ၇ ဦး ဆေးကုသခွင့်မရလို့သေဆုံး

မော်လမြိုင်၊ မတ် ၉ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း ဆေးကုသခွင့်မရတာကြောင့် နိုင်ငံရေးအ ကျဉ်းသား ၇ ဦး သေဆုံးသွားတယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုအရ အခုနှစ် ဇန်နဝါရီလကနေ မတ် ၈ ရက်နေ့အထိ ကျိုက်မရောအကျဉ်းထောင်က ၂ ဦး၊ ဒိုက်ဦးအကျဉ်း…

သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီး

မြဝတီ၊ မတ် ၉ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေ သခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ သင်္ဃန်းညီနောင်ဒေသကို စစ်ကောင်စီတပ်က မတ် ၈ ရက်နေ့ တစ်ညလုံးနီပါး လေကြောင်းအပြင် အတွဲလိုက်ဒုံးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်ခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်…

စစ်အာဏာသိမ်း (၁၁၃၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၅၄) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၉ AAPP ရဲ့ မတ် ၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၃၂) ရက်အတွင်း ပြည်သူ (၄၆၅၄ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မွန်ပြည်နယ်ရဲ့ မြို့နယ် ၄ ခုမှာ စစ်သင်တန်းပေးနိုင်

မော်လမြိုင် ၊ မတ် ၉ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တွေကို မြို့နယ် ၄ ခုမှာ စစ်မှုထမ်းသင်တန်းပေးနိုင်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းရဲ့ပြောပြချက်အရ သိရပါတယ်။ အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဌာန်းပြီး တစ်လမပြည့်ခင်မှာပဲ အရွယ် ရောက်ပြီးသား နိုင်ငံသားတွေကို စစ်မှုထမ်းအမြန်ဆုံး ဆင့်ခေါ်နိုင်ဖို့ အပူတပြင်းကြိုးပမ်းလာတာ ဖြစ်ပါတယ်။ စစ်မှုထမ်းအမြန်ဆုံးဆင့်ခေါ်နိုင်ဖို့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲထားပြီးဖြစ်သလို သင်တန်းကျောင်းတွေ…

ကချင်ထိုးစစ်မှာ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော် KIA သိမ်းပိုက်

လိုင်ဇာ ၊ မတ် ၉ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကြောင့် ရှုံးပွဲဆက်နေတဲ့ စစ်ကောင်စီကို ကချင်လွတ်လပ်‌ရေးတပ်မတော် KIA က ကချင်ဒေသမှာ ထောင်ချီတဲ့ မဟာမိတ်တပ်တွေနဲ့အတူ ထိုးစစ်ဆင်နွှဲပြီး တပ်စခန်း ၁၀ ခုကျော် သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ကနေ သိရပါတယ်။ KIA က မတ် ၇ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ…