February 2024

စစ်တပ် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဘီးလင်းဒေသခံတစ်ဦး ဒဏ်ရာရ

ဘီးလင်း၊ ဖေဖော်ဝါရီ ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် နောင်ကတုတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ပစ် ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဖေဖော် ဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဝင်းတာပန်စခန်းကနေ လေးကေဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းမှာတွေ့တဲ့ ဒေသခံအမျိုးသားတစ်ဦးကို သေနတ်နဲ့အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။…

အမှတ်(၉)တိုင်းဗဟိုသင်တန်းကျောင်း နေရာအများစုကို AA သိမ်းပိုက်

မင်းပြား၊ ဖေဖော်ဝါရီ ၂၇ ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းရဲ့ အစိတ်အပိုင်းအများစုကို သိမ်းပိုက်ရရှိထားပြီလို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မင်းပြားမြို့မှာ တစ်ခုတည်းကျန်ရှိတဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇…

စစ်အာဏာသိမ်း (၁၁၂၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၉၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇ AAPP ရဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၂၁) ရက်အတွင်း ပြည်သူ (၄၅၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၉၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၁၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ကော့ကရိတ်မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီလို့ NUG ပြော

ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ ဂိတ် ၉ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း စိုးမိုးထိန်းချုပ်ထားပြီလို့ NUG ရဲ့ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ ၆ နယ်မြေ၊ ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း)နဲ့…

နေပြည်တော်ကို နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီပြင်ဆင်

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၇ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက ဌာနချုပ်ရှိရာ နေ ပြည်တော် ကောင်စီနယ်မြေမှာ စစ်ရေးနဲ့ဆိုင်တဲ့ စီမံချက်အသစ်တွေကို ပြင်ဆင်ရေးဆွဲခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။ နေပြည်တော်ရှိ ရေဆင်းနဲ့ပျဉ်းမနားမြို့နယ်တွေမှာ တပ်နယ်အလိုက် မဆုတ်တမ်းခံစစ်၊ တန်ပြန်တိုက်စစ်နဲ့ စီမံချက်တွေကို အသစ်ရေးဆွဲခိုင်းနေတဲ့အကြောင်း တပ်တွင်းသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ…

KNU နယ်မြေမှာ နှစ်ပေါင်း ၃၀ နီးပါးတပ်စွဲထားတဲ့ မော်ဖူးဗျူဟာတပ်စခန်း စွန့်ခွာထွက်ပြေး

ဖာပွန်၊ ဖေဖော်ဝါရီ ၂၇ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အုပ်ချုပ်နယ်မြေမှာ နှစ်ပေါင်း ၃၀ နီးပါး လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ မော်ဖူးဗျူဟာတပ်စခန်းတစ်ခုလုံး စွန့်ခွာထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ ၅ နဲ့ FFD ဒရုန်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီ ခမရ ၃၄၉ တပ်ရဲ့ ဗျူဟာစခန်းဖြစ်တဲ့ မော်ဖူးတပ်စခန်းဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့…

မော်လမြိုင်ဈေးကွက်မှာ အခေါက်ရွှေရောင်းဝယ်မှု ပိတ်ပင်ခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇ ရွှေဈေးနှုန်းစံချိန်တင် မြင့်တက်လာပြီးနောက် မွန်ပြည်နယ် မော်လမြိုင်ဈေးကွက်အတွင်း မီးလင်းအခေါက်ရွှေ ရောင်းဝယ်တာတွေမလုပ်ဖို့ စစ်ကောင်စီဘက်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရွှေတွေတရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာ၊ ဒေသတွင်း ရွှေဝင်ရွှေထွက်ကွားခြာမှုရှိတာအပြင် ရွှေဈေးနှုန်းမြင့်တက်လာအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရောင်းအ ဝယ်လုပ်ဆောင်ခွင့် ပိတ်ပင်ထားတာပါ။ လက်ရှိမှာလည်း စသုံးလုံးအပါအဝင် စစ်ကောင်စီဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ရွှေလုပ်ငန်းရှင်တွေနဲ့…

ရုရှားကျူးကျော်စစ်မှာ ယူကရိန်းတပ်ဖွဲ့ဝင် သုံးသောင်းကျော် ကျဆုံး

ကိဗ်၊ ဖေဖော်ဝါရီ ၂၇ ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၃၁၀၀၀ ကျဆုံးခဲ့ရပြီး ရုရှားစစ်တပ်ရဲ့ အစီအစဉ်ရေးဆွဲမှုတွေကို အထောက်အကူဖြစ်စေနိုင်တဲ့အတွက် ဒဏ်ရာရရှိထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ဘူးလို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်ကို ယူကရိန်းရာရှိတွေက လူသိရှင်ကြား ဖော်ပြတာမရှိဘဲ တခြား ခန့်မှန်းချက်တွေက ဇီလန်စကီးပြောတဲ့ အရေအတွက်ထက်တောင် ပိုများနေတယ်လို့ ဆိုထားတာပါ။ ယူကရိန်းကို ပေးပို့မယ့်…

ဆင်တွေကို ခိုင်းစေတာတွေမလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်တရားရုံး အမိန့်ထုတ်

ဒါကာ၊ ဖေဖော်ဝါရီ ၂၇ မျိုးတုန်းနိုင်တဲ့ အန္တရာယ်ကြီးကြီးမားမားကျရောက်နေတဲ့ ဆင်တွေကို မမွေးစားဖို့နဲ့ အသုံးချ ခိုင်းစေတာမျိုးတွေ မပြုလုပ်ရဘူးလို့ ဘင်္ဂလားဒေ့ရှ်တရားရုံးက အမိန့်ထုတ်ပြန် လိုက်ပါတယ်။ အာရှဆင်ပေါက်ကလေးတွေကို ဖမ်းဆီးအသုံးချ ခိုင်းစေမှု လိုင်စင်အားလုံး ရုတ်သိမ်းရေး အထက်တရားရုံးရဲ့ အမိန့်ကို တိရိစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဆင်တွေကို တောင်းရမ်းစားသောက်ရာမှာ၊ဆက်ကပ်တွေနဲ့ လမ်းဘေး ဖျော်ဖြေပွဲတွေမှာ အသုံးချ ခိုင်းစေမှုတွေရှိနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့…

စေတုတ္တရာမှာ စစ်ကောင်စီက အရပ်သားနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေ

စေတုတ္တရာ – ဖေဖော်ဝါရီ ၂၆ မကွေးတိုင်း၊စေတုတ္တရာမြို့နယ် လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ်ခြေ ၁၀၃ လုံးမီးလောင်ခဲ့ ကာ ပြည်သူတွေလည်း ရွာမှာမနေရဲတောဘဲ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ ပြည်သူပိုင်နေအိမ်တွေကို စေတုတ္တရာမြို့မရဲစခန်း၊စေတုတ္တရာ ကပစ ၂၀၊…