February 2024

စစ်အာဏာသိမ်း (၁၀၉၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၇၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ AAPP ရဲ့ ဇန်နဝါရီ (၃၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၉၅) ရက်အတွင်း ပြည်သူ (၄၄၇၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အရေးမလှဖြစ်နေတဲ့ စစ်ကောင်စီက တင်းကျပ်ထားတဲ့ နိုင်ငံရေးပါတီဥပဒေဖြေလျှော့

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ နောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို တင်းကျပ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းပြီး တစ်နှစ်နီးပါးအကြာမှာပဲ စစ်ကောင်စီက ဖြေလျှော့တာတွေ လုပ်ဆောင်လာပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ လက်မှတ်ရေးထိုးပြီး ပုဒ်မတချို့ကို…

ကရင်ပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာ

ဘားအံ၊ ဖေဖော်ဝါရီ ၁ ကရင်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းအန္တရာယ် တစ်စထက်တစ်စ ပိုမိုကြီးထွားလာပြီး အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ မိသားစုစားဝတ်နေရေးအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က ကရင် ပြည်နယ်၊ ဖာပွန်ခရိုင်၊ ထီးခယ်ခီးရွာသား အမျိုးသားတစ်ဦးဟာ မိုင်းနင်းမိပြီး…

ဘီးလင်း ဝင်းတာပန်တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး

ဘီးလင်း၊ ဖေဖော်ဝါရီ ၁ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတိုက်ပွဲအ တွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ ဝင်းတာပန်စခန်းကို မနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့…

မောင်းမကန်ရဲစခန်းကို PDF ဝင်တိုက်

လောင်းလုံ၊ ဖေဖော်ဝါရီ ၁ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်ရှိ မောင်းမကန်နယ်မြေရဲစခန်းကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်အ စောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် မနက် ၆ နာရီခွဲကနေ ၇ နာရီခွဲအထိ အချိန်တစ်နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီရေတပ် စစ်သင်္ဘောကလည်း လက်နက်ကြီး အဆက်မပြတ်…