February 2024

မြိတ်ထောင်က အကျဉ်းသား ၁၅၀ ဦး ထောင်ပြောင်းခံရ

မြိ တ်၊ ဖေဖော်ဝါရီ ၂၉ တနင်္သာရီတိုင်း မြိတ်အကျဉ်းထောင်ကနေ အကျဉ်းသား ၁၅၀ ဦး ထောင်ပြောင်းခံရပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ နီးပါး ပါဝင်နိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ ထောင်အာဏာပိုင်တွေဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ အကျဉ်းသူ၊အကျဉ်းသား ၁၅၀…

မွန်ပြည်ဖက်ဒရယ်ကောင်စီ ဒုတိယကြိမ်ညီလာခံ စတင်ကျင်းပ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၉ နွေဦးတော်လှန်ရေးကာလအတွင်း ပေါက်ဖွားလာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဒုတိယကြိမ် ညီလာခံကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ဖေ‌ဖော်ဝါရီ ၂၈ ရက်နေ့က စတင်ကျင်းပတယ်လို့ သိရပါတယ်။ ဒီညီလာခံမှာ တစ်နှစ်တာ လုပ်ငန်းစဉ်တင်ပြတာ၊ သုံးသပ်တာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်သွားဖို့ ၊ MSFC အဖွဲ့ဝင်တွေနဲ့ မွန်ပြည်အတွင်း အခြေစိုက်တဲ့ တော်လှန်ရေးအင်အားစုတွေ မွန်ပြည်ဖက်ဒရယ်အရေးမှာ ပူးပေါင်းပါဝင်ခွင့်ရှိဖို့…

ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂၀၀ ကျော်အထိရှိလာ

ရမ်းဗြဲ ၊ ဖေဖော်ဝါရီ ၂၉ စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုပေါင်း ၁၂၀၀ ကျော်အထိရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ စစ်ကောင်စီကြောင့် ကျန်းမာရေးကဏ္ဍတွေဖြစ်တဲ့ ဆေးရုံ၊ဆေးခန်း ပျက်စီးမှု ၃၀၀ ကျော်နဲ့ ကျန်း မာရေးလုပ်သား ၁၀၄ ဦး သတ်ဖြတ်ခံရပြီး ၁၃၀ ကျော်ဟာ…

ဂါဇာလူဦးရေ လေးပုံတစ်ပုံ အငတ်ဘေးဆိုက်တော့မယ်လို့ ကုလ ပြော

ဂါဇာ ၊ ဖေဖော်ဝါရီ ၂၉ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ လူပေါင်း ၅၇၆၀၀၀ ထဲက လေးပုံတစ်ပုံဟာ အငတ်ဘေးဆိုက်ခါ နီးနေပြီလို့ ကုလသမဂ္ဂအကူအညီပေးရေးအရာရှိတစ်ဦးက လုံခြုံရေးကောင်စီကို အသိပေးခဲ့ပါတယ်။ အရေးယူဆောင်ရွက်မှုမရှိဘူးဆိုပါက အငတ်ဘေးကျရောက်မှုဟာ ဧကန်မလွဲ ဖြစ်လာနိုင်တယ် လို့ သူက ဆိုခဲ့တာပါ။ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ ဂါဇာမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာတာကြောင့် အပစ်ခတ်ရပ်စဲရေး ထပ်မံတိုက်တွန်းကြောင်းနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကုလသမဂ္ဂရုံး ညွှန်ကြားရေးမှူးချုပ်…

နျူကလီးယားလက်နက်နဲ့ ဦးအောင်မတိုက်ခိုက်ရေး သဘောတူညီမှုရဖို့ တရုတ်ကြိုးပမ်းနေ

ဘေဂျင်း ၊ ဖေဖော်ဝါရီ ၂၉ ကမ္ဘာတဝှမ်းက နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအနေနဲ့ နျူလက်နက်အသုံးပြု ပြီး ဦးအောင်မတိုက်ခိုက်ရေး သဘောတူညီမှုရယူဖို့ ညှိနှိုင်းသင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လက်နက်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။ သဘောတူညီမှုတစ်ရပ် လက်မှတ်မရေးထိုးဘူးဆိုရင်လည်း အဲဒီနိုင်ငံတွေအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ ကြေညာချက်တွေထုတ်ပြန်ဖို့ တရုတ်က တိုက်တွန်းထားပါတယ်။ လက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဖရန့်ရဲ့ ညွှန်းဆိုမှုအတိုင်း နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့…

တနင်္သာရီက စစ်တပ်စခန်း ၃ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦး သေဆုံး ၃ ဦးဒဏ်ရာရ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်စခန်း ၃ ခု ဒရုန်းနဲတိုက်ခိုက်ခံရ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တနင်္သာရီအခြေစိုက် ခမရ(၅၆၁)တပ်၊ အမှတ်(၃၀၆)အမြောက်တပ်နဲ့ ဗောဓိကမ်းစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံး ၁၀…

ဒီးမော့ဆိုက စစ်ရှောင်စာသင်ကျောင်းတွေပြန်မဖွင့်နိုင်သေး

ဒီးမော့ဆို – ဖေဖော်ဝါရီ ၂၈ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းမှာ စစ်ရှောင်ကလေးငယ်တွေအတွက် ဖွင့်လှစ် ပေးထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အခုချိန်ထိ ပြန်မဖွင့်နိုင်သေးဘူးလို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးအဖွဲ့ KHAI က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဒေါဆီအီကျေးရွာမှာရှိတဲ့ စာသင်ကျောင်းကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ကျောင်း ၁၀၀ ကျော်ကို အရေးပေါ်ပိတ်လိုက်ရတာပါ။ အဲဒီတိုက်ခိုက်မှုဟာ…

ကျိုက်မရော ဓားပြဝင်တိုက်မှု အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံရ

ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၈ မွန်ပြည်နယ် ကျိုက်မရောမြို့ အောင်သုခရပ်ကွက် ကျွန်းရွာသွားကားလမ်းဘေးရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီးနောက် အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က အသက် ၅၉ နှစ်အရွယ် ဒေါ်ပါးပါးသီး အပါအဝင် အမျိုးသမီး ၃…

စစ်ကောင်စီရဲ့ အမှတ်(၉)တိုင်းစစ်သင်တန်းကျောင်းကို AA အပြီးသတ်သိမ်းပိုက်

မင်းပြား၊ ဖေဖော်ဝါရီ ၂၇ ရခိုင်ပြည်နယ် မင်းပြားမြို့ ကမ်းနီးကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၉) လေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တိုင်းဗဟို (၉) လို့ခေါ်တဲ့ အဲ့ဒီလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစလို့…

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

သထုံ၊ ဖေဖော်ဝါရီ ၂၈ မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်ခုလုံး ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မိုးကောင်းတံတားဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ “တံတားတစ်ခုလုံး ပြိုကျသွားတာ၊ ဘယ်ယာဉ်မှသွားလို့မရတော့ဘူး၊ အိမ်စီးကားတွေကတော့ ရွာလမ်းထဲက…