February 28, 2024

ဂါဇာလူဦးရေ လေးပုံတစ်ပုံ အငတ်ဘေးဆိုက်တော့မယ်လို့ ကုလ ပြော

ဂါဇာ ၊ ဖေဖော်ဝါရီ ၂၉ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ လူပေါင်း ၅၇၆၀၀၀ ထဲက လေးပုံတစ်ပုံဟာ အငတ်ဘေးဆိုက်ခါ နီးနေပြီလို့ ကုလသမဂ္ဂအကူအညီပေးရေးအရာရှိတစ်ဦးက လုံခြုံရေးကောင်စီကို အသိပေးခဲ့ပါတယ်။ အရေးယူဆောင်ရွက်မှုမရှိဘူးဆိုပါက အငတ်ဘေးကျရောက်မှုဟာ ဧကန်မလွဲ ဖြစ်လာနိုင်တယ် လို့ သူက ဆိုခဲ့တာပါ။ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ ဂါဇာမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာတာကြောင့် အပစ်ခတ်ရပ်စဲရေး ထပ်မံတိုက်တွန်းကြောင်းနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကုလသမဂ္ဂရုံး ညွှန်ကြားရေးမှူးချုပ်…

နျူကလီးယားလက်နက်နဲ့ ဦးအောင်မတိုက်ခိုက်ရေး သဘောတူညီမှုရဖို့ တရုတ်ကြိုးပမ်းနေ

ဘေဂျင်း ၊ ဖေဖော်ဝါရီ ၂၉ ကမ္ဘာတဝှမ်းက နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအနေနဲ့ နျူလက်နက်အသုံးပြု ပြီး ဦးအောင်မတိုက်ခိုက်ရေး သဘောတူညီမှုရယူဖို့ ညှိနှိုင်းသင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လက်နက်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။ သဘောတူညီမှုတစ်ရပ် လက်မှတ်မရေးထိုးဘူးဆိုရင်လည်း အဲဒီနိုင်ငံတွေအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ ကြေညာချက်တွေထုတ်ပြန်ဖို့ တရုတ်က တိုက်တွန်းထားပါတယ်။ လက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဖရန့်ရဲ့ ညွှန်းဆိုမှုအတိုင်း နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့…

တနင်္သာရီက စစ်တပ်စခန်း ၃ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦး သေဆုံး ၃ ဦးဒဏ်ရာရ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်စခန်း ၃ ခု ဒရုန်းနဲတိုက်ခိုက်ခံရ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တနင်္သာရီအခြေစိုက် ခမရ(၅၆၁)တပ်၊ အမှတ်(၃၀၆)အမြောက်တပ်နဲ့ ဗောဓိကမ်းစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံး ၁၀…

ဒီးမော့ဆိုက စစ်ရှောင်စာသင်ကျောင်းတွေပြန်မဖွင့်နိုင်သေး

ဒီးမော့ဆို – ဖေဖော်ဝါရီ ၂၈ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းမှာ စစ်ရှောင်ကလေးငယ်တွေအတွက် ဖွင့်လှစ် ပေးထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အခုချိန်ထိ ပြန်မဖွင့်နိုင်သေးဘူးလို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးအဖွဲ့ KHAI က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဒေါဆီအီကျေးရွာမှာရှိတဲ့ စာသင်ကျောင်းကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ကျောင်း ၁၀၀ ကျော်ကို အရေးပေါ်ပိတ်လိုက်ရတာပါ။ အဲဒီတိုက်ခိုက်မှုဟာ…

ကျိုက်မရော ဓားပြဝင်တိုက်မှု အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံရ

ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၈ မွန်ပြည်နယ် ကျိုက်မရောမြို့ အောင်သုခရပ်ကွက် ကျွန်းရွာသွားကားလမ်းဘေးရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီးနောက် အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က အသက် ၅၉ နှစ်အရွယ် ဒေါ်ပါးပါးသီး အပါအဝင် အမျိုးသမီး ၃…

စစ်ကောင်စီရဲ့ အမှတ်(၉)တိုင်းစစ်သင်တန်းကျောင်းကို AA အပြီးသတ်သိမ်းပိုက်

မင်းပြား၊ ဖေဖော်ဝါရီ ၂၇ ရခိုင်ပြည်နယ် မင်းပြားမြို့ ကမ်းနီးကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၉) လေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တိုင်းဗဟို (၉) လို့ခေါ်တဲ့ အဲ့ဒီလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစလို့…

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

သထုံ၊ ဖေဖော်ဝါရီ ၂၈ မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်ခုလုံး ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မိုးကောင်းတံတားဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ “တံတားတစ်ခုလုံး ပြိုကျသွားတာ၊ ဘယ်ယာဉ်မှသွားလို့မရတော့ဘူး၊ အိမ်စီးကားတွေကတော့ ရွာလမ်းထဲက…

စစ်အာဏာသိမ်း (၁၁၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈ AAPP ရဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၂၂) ရက်အတွင်း ပြည်သူ (၄၅၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၃၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်မှုထမ်းဥပဒေကြောင့် ချောက်ကမ်းပါးဆိုက်လာတဲ့ မြန်မာလုပ်ငန်းခွင်တွေ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈ အရေးမလှဖြစ်နေတဲ့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေ အလုံးအရင်းနဲ့ ပြည်ပထွက်ခွာမှု မြင့်တက်လာတဲ့အတွက် လုပ်ငန်အများစု ရပ်နားရမယ့် ကိန်းဆိုက်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက တစ်ညီတစ်ညွတ်တည်း ပြောဆိုလာပါတယ်။ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းဆောင်ရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး အာဏာတည်စေရမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်ပါတယ်။ အဲဒီဥပဒေအရ အမျိုးသားဟာ…

ချောင်းနှစ်ခွကျေးရွာထဲ စစ်တပ်ကမ‌ပေးဝင်လို့ ဒေသခံတွေ နေရပ်မပြန်ရ

ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၈ မွန်ပြည်နယ် ကျိူက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲမရှိတော့တဲ့အတွက် ဒေသခံတွေ နေအိမ်ပြန်လိုကြပေမယ့် ကျေးရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာထဲပေးမဝင်တာကြောင့် နေရပ်မပြန်ရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစတင်ခဲ့တဲ့ ချောင်းနှစ်ခွနယ်ရဲစခန်းနဲ့ အတ္ထရံတံတားဂိတ်စခန်း တိုက်ပွဲတွေကြောင့် ချောင်းနှစ်ခွဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ၄ လနီးပါး ရှိလာပြီဖြစ်ပါတယ်။…