ပွင့်ဖြူ – ဖေဖော်ဝါရီ ၂၇

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ စစ်ကောင်စီထောက်ခံသူတွေက စစ်မှုထမ်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ရဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို စစ်ကောင်စီလက်အောက်ခံတွေဘက်က တစ်အိမ်တစ်ယောက်မဖြစ်မနေတက်ရ မယ်လို့ခေါ်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲမှာလည်း စစ်မှုမထမ်းရင် အရေးယူမယ့်အကြောင်းတွေကို ခြိမ်းခြောက်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်မှုမထမ်းချင်လို့ အကြောင်းအမျိုးမျိုးပြပါက ထောင် ၃ နှစ်စစ်မှုမထမ်းဆောင်ရင် ထောင် ၅ နှစ်ကျခံရမှာဖြစ်ပြီး ထောင်ကထွက်တာနဲ့ စစ်မှုထမ်းရမှာဖြစ်တယ်လို့ ဆွေးနွေးပွဲက တဆင့်သိရပါတယ်။

တက္ကသိုလ်ကျောင်းသားတွေကိုလည်း ကျောင်းပြီးရင် စစ်မှုထမ်းရမှာဖြစ်ပြီး ကုမ္ပဏီလုပ်သား အလုပ်သမားတွေလည်း စစ်မှုထမ်းရမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေအရ ပွင့်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေအနေနဲ့ တစ်ရွာကို ၂ ဦး စစ်မှုထမ်း ဖို့ပေးရမှာဖြစ်ပြီး ပေါ်တာဆွဲတာတွေကိုလည်း တိုင်ကြားလို့ရတယ်လို့ စစ်ကောင်စီလက်အောက် ခံတွေက ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.