မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

PDF တွေဟာ စစ်တပ်ကိုမနိုင်လို့ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ကို မီးရှို့ဖျက်ဆီးနေတယ်ဆို ပြီး စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါ တယ်။

ဒီအကြောင်းကို PAN၊MWD၊တပ်မတော်ချစ်သူများ နဲ့ ကျော်စွာစတဲ့ စစ်တပ်လော်ဘီအကောင့်တု တွေက ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာ ကော့ကရိတ်မြို့ထဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေ ဟောက်ဝစ်ဇာတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း စစ်တပ်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲချပြီး ကော့ကရိတ်မြို့အလုံးစုံပျက်စီးအောင် ရည်ရွယ်ချက် ရှိရှ်ိ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ VOA ကလည်း ကော့ကရိတ်မြို့နယ်ထဲမှာ မီးလောင် ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၂၀၀ ခန့်ရှိပြီး အဲဒီနေရာတွေဟာ PDF တွေထိန်းချုပ်ထား တာမဟုတ်ဘဲ စစ်ကောင်စီတပ်သားတွေ ရှိနေတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားပါတယ်။ 

 ကျားဖြူစစ်ကြောင်းထုတ်ပြန်ချက်

https://web.facebook.com/watch/?v=698033739131867&extid=CL-UNK-UNK-UNK-AN_GK0T-GK1C&ref=sharing&mibextid=Nif5oz&_rdc=1&_rdr

VOAသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://burmese.voanews.com/a/karen-kaukarite-60-homes-burnt-down-aftermath-battles-between-military-coup-and-pdf/7452143.html?fbclid=IwAR1WDNVB2kPat792YcBkYuSo6KfsjA5QQ4wIn57AvL7Em_5dDW5bNq4CKHc

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.