ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂

အမေရိကန်နိုင်ငံရဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို တရုတ်အနေနဲ့ ကြားဝင် စွက်ဖက်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်းက ဂျိုးဘိုင်ဒန်ကို ကတိပေးခဲ့ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်အမျိုးသားလုံခြုံရေး အရာရှိတို့ တွေ့ဆုံချိန်မှာလည်း အဲဒီလိုကတိစကားကိုပဲ တရုတ်ဘက်က ထပ်မံအာမခံခဲ့တယ်လို့ ဆွေးနွေးမှုနဲ့ နီးစပ်သူတွေက CNN ကိုပြောထားပါတယ်။

သမ္မတ ရှီက ဘိုင်ဒန်ကို အမေရိကန် ရွေးကောက်ပွဲမှာ ကြားဝင်မစွက်ဖက်ဘူးလို့ ကတိပေးခဲ့ သလိုပဲ ဝမ်ယိက ဆူလီဗန်ကို ထပ်မံပြီး အာမခံပေးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။

အင်အားကြီး နှစ်နိုင်ငံကြား စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ တင်းမာမှုလျှော့ချရေး ရည်ရွယ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆွေးနွေးမှုအတွင်း သမ္မတ ဘိုင်ဒန်က စတင်ဆွေးနွေးခဲ့တာဖြစ် တယ်လို့ သိရပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေဟာ အခုချိန်မှ သတင်းထွက်ပေါ်လာတာပါ။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရုရှားထောက်လှမ်းရေး အေးဂျင့်တွေဟာ ဒီမိုကရက်တစ် အမျိုးသား ကော်မတီရဲ့ ကွန်ပျူတာ စနစ်ထဲကိုဝင်ရောက်ပြီး ဟီလာရီ ကလင်တန်ရဲ့ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို ထိခိုက်စေမယ့် အီးမေးလ်တွေကို ဖွင့်ချဖူးပါတယ်။

အဲဒီနောက်ပိုင်း အီရန်၊ကျူးဘားနဲ့ တရုတ်အေးဂျင်တွေကလည်း အမေရိကန်ရွေးကောက်ပွဲ တွေကို ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ ကန်ထောက်လှမ်းရေးအေဂျင်စီတွေက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၄ သမ္မတ ရွေကောက်ပွဲကို တရုတ်ကြားဝင်မစွက်ဖက်ဘူးဆိုရင် တောင်တရုတ် ဟက်ကာတွေရဲ့ အန္တရာယ်ကို လျှော့တွက်လို့ မရဘူးလို့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက သတိပေးထားပါသေးတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘဲ မိမိတို့ရဲ့ မူဝါဒအတိုင်းအမြဲလိုက်နာနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ဝရေးက တရုတ်ဟာ နှစ်တွေအများကြီးမှာ ကတိတွေ ပေးထားခဲ့ဖူးတာကြောင့် အခုနောက်ဆုံးပေးထားတယ်ဆိုတဲ့ ကတိတည်၊မတည်ဆိုတာကို မြင်တွေ့ရမှပဲ ယုံမယ်လို့ ဆိုထားပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.