ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂

အမေရိကန်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းနှစ်ခုနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပြီး အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်ပါ တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ချမှတ်ခဲ့တဲ့အရေးယူပိတ်ဆို့မှုတွေဟာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုနေတဲ့ လောင်စာနဲ့ စစ်တပ်ရဲ့ လက်နက် ထုတ်လုပ်နိုင်စွမ်းကို လျှော့ချရေး ရည်ရွယ်တာဖြစ်တယ်လို့ ဆိုခဲ့တာပါ။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ရွှေဗျိုင်းဖြူကုမ္ပဏီ အုပ်စုနဲ့ အဲဒီလုပ်ငန်းစုပိုင်ရှင် ဦးသိန်းဝင်းဇော်နဲ့ သူ့ရဲ့ဇနီးအပါအဝင် သားသမီးနှစ်ဦးတို့ကိုပါ အရေးယူပိတ်ဆို့လိုက် တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီကုမ္ပဏီဟာ စစ်တပ်အတွက် ဓာတ်ဆီတင်သွင်းဖြန့်ဖြူးပေးနေပြီး ၂၀၂၁ ခုနှစ်က အရေးယူ ပိတ်ဆို့ခံခဲ့ရတဲ့ မြန်မာ့ဦးပိုင်လုပ်ငန်းစုနဲ့ အမြတ်ခွဲဝေရယူနေတဲ့ ကုမ္ပဏီဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာ့ဦးပိုင်လုပ်ငန်းစုပိုင်ဆိုင်ထားတဲ့ ကြယ်ငါးပွင့် သင်္ဘောလိုင်းကိုလည်း စစ်တပ်ရဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်မှုတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို သင်္ဘောနဲ့ ပို့ဆောင်ပေးနေတာကြောင့် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

အရပ်သားတွေအပေါ်စစ်တပ်က တိုက်ခိုက်မှုတွေပြုလုပ်ဖို့ ရန်ပုံငွေရှာပေးနေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေအရင်းအမြစ်တွေကို မိမိတို့ပစ်မှတ်ထားအရေးယူခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမတ်လာရဲ့ ကြေညာချက်မှာ ဆိုထားတာပါ။

မြန်မာစစ်တပ်အနေနဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ လမ်းကြောင်းကိုပြောင်းလဲဖို့လည်း ဝါရှင်တန်က ထပ်မံ တိုက်တွန်းတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေအတွက် ရန်ပုံငွေရှာဖွေပေးနေသူတွေ ထောက်ပံ့ပေး နေသူတွေကို တာဝန်ခံခိုင်းရေး အမေရိကန်က မိမိတို့ရဲ့ မဟာမိတ်လက်တွဲဖော်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.