ဘန်ကောက် – ဇန်နဝါရီ ၃၀

ထိုင်းနိုင်ငံတရားရုံးမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ငွေကြေး ခဝါချမှုတို့နဲ့ တရားစွဲခံထားရတဲ့ စစ်ကောင်စီ လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့အမှုဟာ သက်သေခိုင်လုံမှု မရှိဘူးလို့ ထိုင်းရာဇ ဝတ်မှုတရားရုံးက ဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်တယ်လို့ Nation Thailand သတင်းဌာန က ဖော်ပြထားပါတယ်။

ထွန်းမင်းလတ်၊ထိုင်းလွှတ်တော်အမတ်တစ်ဦးရဲ့သားမက်နဲ့ Allure Group (P&E)တို့ကို စွဲတင် ထားတဲ့ အမှုတွေထဲမှာ အစိုးရရှေ့နေတွေ တင်ပြတဲ့ သက်သေအထောက်အထားတွေ လုံလောက်မှု မရှိဘူးလို့ ထိုင်းတရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

သူတို့လေးဦးကို ပြီးခဲ့တဲ့နှစ် စက်ဘာလက ဖမ်းဆီးခဲ့ပြီးနောက် သူတို့ရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း Allure Group ကတဆင့် ငွေကြေးခဝါချခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ဒါ့အပြင် သံသယရှိသူ လေးဦးဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုက ရရှိတဲ့ငွေတွေကို စီးပွားရေး လုပ်ငန်းထဲထည့်ပြီး လျှပ်စစ်ဓာတ်အားဝယ်ယူကာ တဆင့်ပြန်လည်ရောင်းချနေတာဖြစ်တယ်လို့ စွဲချက်တင်ခံထားရတာဖြစ်ပါတယ်။ 

လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီးချိန်မှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လည်း ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

သူဟာ စစ်ကောင်စီလိုအပ်တဲ့ လက်နက်တွေဝယ်ယူရရှိအောင်ကြားခံ ကူညီပေးနေသူဖြစ်ပြီး ထိုင်းလွှတ်တော်အမတ်တစ်ဦးနဲ့ အကျိုးတူ စီးပွားဖက်တွေဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းအစိုးရဆီက လျှပ်စစ်ဓာတ်အားဝယ်ယူပြီး မြန်မာနိုင်ငံကို ပြန်လည်ရောင်းချတဲ့ လုပ်ငန်းလည်းလုပ်ကိုင်နေတယ်လို့ Nation Thailand မှာဖော်ပြထားပါတယ်။ 

Ref:Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.