မော်စကို၊ ဇန်နဝါရီ ၃၁

ရုရှားအစိုးရက မတ်လအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ဗလာဒီမာပူတင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ တရားဝင်အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပူတင်ဟာ ရုရှားကို အတိုက်အခံမရှိဦးဆောင်နေတဲ့သူဖြစ်ပြီး သမ္မတရွေးကောက်ပွဲ ၄ ကြိမ်အနိုင်ရရှိထားသလို ဝန်ကြီးချုပ်အဖြစ်လည်း ခေတ္တတာဝန်ထမ်း ဆောင်ဖူးသူဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်တိုင်အမည်စာရင်းတင်သွင်းခဲ့တဲ့ ပူတင်ကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သလို လက်ယာ ယိမ်းသွေးကြွနေတဲ့ပူတင်သစ္စာခံ လီယိုနစ်ဆုစကီးကိုလည်း မှတ်ပုံတင်ထားပြီး ဖြစ်တယ်လို့ ဗဟိုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ကရင်မလင် နန်းတော်ကို ဝေဖန်သူတွေက ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဖို့ ပိုမိုခက်ခဲစေတယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲကို လာမယ့် မတ်လ ၁၆ ရက်နေ့ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာပါ။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က အငြင်းပွားဖွယ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြောင်းလဲမှုအပြီး ပူတင်ဟာ အနည်းဆုံး ၂၀၃၆ ခုနှစ်လောက်အထိ အာဏာဆက်ယူထားနိုင်တယ်လို့ သုံးသပ်မှု တွေရှိနေပါတယ်။

အရင်ရွေးကောက်ပွဲတွေမှာ မူမမှန်တာတွေရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက အသိပေးပြီးနောက် ဒီရွေးကောက်ပွဲကိုတော့ လေ့လာစောင့်ကြည့်သူတွေကို တားမြစ်သွားဖို့လည်းရှိနေတယ် လို့ သိရပါတယ်။

ပူတင်ဟာ အမှန်တကယ်ယှဉ်ပြိုင်နိုင်သူ တစ်ယောက်နဲ့မှ ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားပြီး သဘောထားအလယ်အလတ်ရှိတဲ့ စိန်ခေါ်သူ ဘိုးရစ်နာဒက်စ်ဒင်ဟာ သတ်မှတ်ထားတဲ့ ထောက်ခံမှုရတာနဲ့ ကိုယ်စားလောင်းအဖြစ်ရှိလာနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်သူ့ကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာလားဆိုတာကိုတော့ အသေအချာမသိ ရသေးဘဲ ကရင်မလင်နန်းတော်က သူ့ကိုလေးနက်တဲ့ ပြိုင်ဘက်အဖြစ်လည်း မှတ်ယူထားတာ မရှိဘူးလို့ ဆိုနေကြပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.