မော်လမြိုင် ၊ ဇန်နဝါရီ ၃၀

မွန်ပြည်နယ်မှာ အချိန်အခါ မဟုတ် မိုးရွာသွန်းမှုဟာ နောက်နှစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တို့မှာလည်း နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သေးတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦး စီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရာသီချိန်မဟုတ်ဘဲ မိုးရွာသွန်းရတာဟာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေတာ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတာကြောင့်လို့ ဆိုပါတယ်။

ဒီနေ့ ညနေပိုင်းမှာလည်း မွန်ပြည်နယ်အပါအဝင်တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ် ချုန်းရွာမှာဖြစ်သလို တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း နေရာကွက်ကျား မိုးရွာတာတွေ ရှိနိုင်တယ်လို့ သတိ ပေးထားတာပါ။

မြန်မာ့ပင်လယ်ပြင်မှာလည်း လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိနေမှာဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းတ လျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့်အနေနဲ့ ၃ ပေကနေ ၆ ပေအထိ ရှိနိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်တဝန်းမှာ နေရာကွက်ကျား မိုးရွာသွန်းနေတာဟာ ၄ ရက်နီးပါး ရှိနေပြီးဖြစ်သလို နေ့စဉ် နေရာအနှံ့နီးပါး အနည်းငယ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နေတာပါ။

မွန်ပြည်နယ်မှာ အခုလို အချိန်အခါမဟုတ် ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာသွန်းနေတဲ့အတွက် ဆားကွင်းတချို့ ပျက်စီးတာတွေ ရှိသလို ရော်ဘာစေးခြစ်လုပ်ငန်းတွေလည်း ရပ်နားထားရတယ်လို့ ဒေသခံတွေထံက သိရ ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- မိုး/ဇလ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.