January 23, 2024

ယီမင်မှာ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုတွေအတွက် ယူအေအီးက ရန်ပုံငွေစိုက်ထူပေး

ဒူဘိုင်း၊ ဇန်နဝါရီ ၂၄ ယီမင်နိုင်ငံမှာ နိုင်ငံရေးအရလုပ်ကြံသတ်ဖြတ်မှုတွေအတွက် အာရပ်ဆော်ဘွားများပြည်ထောင်စု UAE နိုင်ငံက ရန်ပုံငွေ စိုက်ထူပေးခဲ့တယ်လို့ ဘီဘီစီသတင်းဌာနရဲ့ စုံစမ်းဖော်ပြချက်အရ သိရပါတယ်။ ယူအေအီးရဲ့လုပ်ရပ်ကြောင့် ယီမင်အစိုးရနဲ့ စစ်ခင်းနေတဲ့အဖွဲ့တွေပါဝင်နေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က ပင်လယ်နီကိုဖြတ်သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေ ကို တိုက်ခိုက်နေတဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိနေတာပါ။ ယီမင်နိုင်ငံရှိ…

ကုန်တင်သင်္ဘောတွေ တိုက်ခိုက်မှုမှာ အီရန်ပါဝင်နေတယ်လို့ ကန်အစိုးရ ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့ရဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုမှာ အီရန်ပါဝင် နေတယ်လို့ အမေရိကန်ရေတပ် အရှေ့အလယ်ပိုင်းတပ်မှူးက AP သတင်းဌာနကိုပြောပါတယ်။ ပင်လယ်နီနဲ့ ဧဒင် ပင်လယ်ကွေ့မှာ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတစ်ခုချင်းစီအတွက် အီရန်က ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ရေတပ်ရဲ့ ပဉ္စမမြောက် ရေယာဉ်အုပ်စုတပ်မှူး ရေတပ်ဒုဗိုလ်ချုပ် ဘရဒ်ကူးပါးက ဆိုခဲ့တာပါ။ ဟူသီအဖွဲ့က ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေဟာ မိမိတို့မျိုးဆက်နှစ်ခုအတွင်း…

ကျောက်ကြီးမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာရ

ကျောက်ကြီး၊ ဇန်နဝါရီ ၂၃ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇန်န ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် အမှတ်(၂၆၄) ခြေလျင်တပ်ရင်းကနေ ကျောက်ကြီးမြို့…

စစ်ကောင်စီရန်စမှုကို သည်းခံနေလို့ တိုက်ပွဲတွေ မကျယ်ပြန့်သွားတာလို့ ညီနောင်သုံးဖွဲ့ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၂၃ စစ်ကောင်စီဟာ ဟိုင်ဂင်သဘောတူညီမှုတွေကို ကျိုးပျက်စေလိုတဲ့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ရန်စမှုတွေ ပြုလုပ်နေတဲ့အပေါ် မိမိတို့အနေနဲ့ သည်းခံနေတာကြောင့် တိုက်ပွဲတွေ မကျယ်ပြန့်သွားတာလို့ ညီနောင်မဟာ မိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ၈၈ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့အထိ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း တွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်တော့ပေမယ့် စစ်ကောင်စီက…

ဘီးလင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဉာဏ်ထွန်း (ခေါ်) ဦးပေါဟာ မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၇ နာရီခွဲအချိန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးဉာဏ်ထွန်းဟာ ဇုတ်သုတ်ကျေးရွာကနေ ဇွဲကလာကျေးရွာထံ ကားနဲ့ပြန်လာစဉ် နေအိမ်အရှေ့မှာပဲ ဆိုင်ကယ်တစ်စီးနဲ့…

ဒီပဲယင်းမှာ အရပ်သားတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်က PDF ကိုအပြစ်ဖို့နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီပဲယင်းမှာ ဒေသခံတွေကို စစ်တပ်ရဲ့ဘီလူးစစ်ကြောင်းက သတ်တာမဟုတ်ဘဲ PDF တွေ သတ်တာဆိုပြီး စစ်တပ်ဝါဒဖြန့်မီဒီယာတွေက သတင်းမှားဖြန့်နေတဲ့အကြောင်းကို စိစစ်ပေး သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ Truth Media၊ကျော်စွာနဲ့ ဟန်ငြိမ်းဦး…

ပွင့်ဖြူမှာ စစ်ကောင်စီတပ်သားတွေ ပျူစောထီးသင်တန်းစတင် 

ပွင့်ဖြူ – ဇန်နဝါရီ ၂၃ မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူ့စစ် ပျူစောထီး သင်တန်းကို ပထမဆုံးအကြိမ်စပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး သင်တန်းသား ၇၀ ကနေ ၁၀၀ ကြားရှိတဲ့ ပျူစောထီး တွေကို သင်တန်းပေးနေတာပါ။ စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးအထိပြထားပေမယ့် တချို့ကတော့…

မွန်ပြည်နယ်မှာ ပျူစောထီးတွေ ခေါင်းထောင်လာ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ်မှာ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းကာလအတွင်း စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့တွေဝင်နဲ့ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တွေနဲ့အတူ လှည့်ကင်းလှည့်လည်တာ၊ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးတာတွေအပြင် လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးတဲ့နေရာတွေမှာလည်း ပါဝင်လာတာပါ။ ဒေသခံပြည်သူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးတဲ့နေရာမှာလည်း ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်လာသလို…

ကော့ကရိတ်မြို့မှာ စစ်ရှောင်နေအိမ် ၅၀ နီးပါး ထပ်မံမီးလောင်ပျက်စီး

ကော့ကရိတ်၊ ဇန်နဝါရီ ၂၃ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်နေအိမ်အလုံး ၅၀ နီးပါး ထပ်မံမီးလောင်ပျက်စီးသွားခဲ့တယ်လို့ မြို့ခံတွေကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကော့ကရိတ်မြို့ အမှတ် ၅ ရပ်ကွက် ရတနာလမ်းဘက်မှာရှိတဲ့ နေ အိမ်အလုံး ၅၀ နီးပါး မီးလောင်ကျွမ်းပျက်စီးသွားခဲ့တာဖြစ်ပြီး အဲဒီမီးလောင်ကျွမ်း ပျက်စီးသွားတဲ့…

သထုံလေ့ကျင့်ရေးတပ်က ထွက်ပြေးလာတဲ့ တပ်သားသစ် ၆ ဦး ပစ်သတ်ခံရ

သထုံ၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ်၊ သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) လေ့ကျင့်ရေးကျောင်းက လက်နက်နဲ့တကွ ထွက်ပြေးလာတဲ့ တပ်သားသစ် ၆ ဦး ပစ်သတ်ခံရတာကြောင့် သေ ဆုံးသွားတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ထံက စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က အမှတ်(၉) လေ့ကျင့်ရေးကျောင်းကနေ လက်နက်နဲ့တကွ ထွက် ပြေးလာတဲ့ တပ်သားသစ် ၉…