တဲလ်အဗစ်၊ ဇန်နဝါရီ ၁၆

ဟားမတ်စ်အဖွဲ့ကို ချေမှုန်းဖို့ကြိုးစားနေတဲ့စစ်ပွဲအား ဘယ်သူကမှ တားဆီးလို့ရမှာမဟုတ်ဘူးလို့ တိုက်ပွဲရက် ၁၀၀ ပြည့်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။

အစ္စရေးဟာ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICJ မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရပြီး ဂါဇာမှာ ထိုးစစ်ဆင်မှုတွေရပ်တန့်ဖို့ တရားရုံးက ဆုံးဖြတ်ချက်ချလာနိုင်ပေမယ့် အဲဒီဆုံးဖြတ်ချက်ကို အစ္စရေးဘက်က လိုက်နာမှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

တောင်အာဖရိကနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်တယ်လို့ စွဲချက်တင်ထားတာဟာ ဂျူးလူမျိုးတွေကို နောက်ထပ်လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ဖို့ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းခံထားရသူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ဒါ့အပြင်ဂါဇာမှာ စစ်ရေးလှုပ်ရှားမှု ကင်းမဲ့သွားတဲ့အထိ လုပ်ဆောင်သွားမှာဖြစ်သလို ဂါဇာကမ်းမြောင်ဒေသထဲကို စစ်လက်နက်တွေဝင်ရောက်လာနိုင်တဲ့ အီဂျစ်နယ်စပ်ထွက်ပေါက်ကိုလည်း ပိတ်ဆို့ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာမက်အဘူးဇိတ်ဒ်ကတော့ မိမိတို့ရဲ့နယ်စပ်ဟာ မိမိတို့ရဲ့ ထိန်းချုပ်မှုအောက်မှာသာ အပြည့်အဝရှိတယ်လို့ တုံ့ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ အစ္စရေးဟာ ဂါဇာမှာ အရပ်သားသေဆုံးမှုအရေအတွက် များပြားနေတာကြောင့် သူတို့ရဲ့အဓိကမဟာမိတ်အမေရိကန်အပါအဝင် အနောက်အင်အားစုတွေက စစ်ပွဲအရှိန် လျှော့ချရေးဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဖိအားပေးမှုတွေရှိနေတဲ့အတွက် ဂါဇာမှာရှိတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တချို့ဟာ ပြန်လည်ဆုတ်ခွာခဲ့ပေမယ့် ထိုးစစ်တွေတော့ ဆက်ရှိနေတယ်လို့ သိရပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.