လောင်းလုံး၊ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတဲ့ နှစ်ပတ်အတွင်း နေအိမ် ၁၅၀ နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အိမ်အတွင်းရှိ တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ဖောက် ထွင်းယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ဇန်နဝါရီ ၈ ရက်နေ့အထိ နှစ်ပတ်အတွင်း ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၇ ရွာက နေအိမ် ၁၅၀ နီးပါး မီးရှို့ ဖျက်ဆီးမှုတွေ ကျုးလွန်ခဲ့တာပါ။

နေအိမ်မီးရှို့ဖျက်ဆီးခံရမှုအရ ညောင်ပြင်ကျေးရွာက နေအိမ် ၁၀၀ နီးပါး၊ အောက်ကျောက်ဝပ်ကျေး ရွာက နေအိမ် ၂၀ ကျော်၊ ဟင်းချိုတော၊ စစ်ပြဲ၊ လေးသွန်းခံ၊ သံလျှင်နဲ့ သကျက်တောကျေးရွာတို့က နေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။

ဒေသခံတွေ ပြောပြချက်အရ စစ်ကောင်စီ စစ်ကြောင်းဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မလုပ်ခင် နေအိမ်အတွင်းရှိ ရွှေငွေ၊ ဆိုင်ကယ်နဲ့ တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ဝေဒီ၊ကညုံကျွန်း၊ ပြင်ထိန်းကျေး ရွာတို့ကနေ ကုန်းလမ်း၊ ရေးလမ်းကနေ စစ်ကြောင်းထိုးဝင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းဝင်ချိန် ရောက်ရှိနေတဲ့ ကျေးရွာတွေက တွေ့ရှိသမျှဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်ရွာအရောက်မှာ ပြန်လွှတ်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လောင်းလုံးမြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဝေဒီ၊ ကညုံကျွန်း၊ ပြင်ထိန်း၊ စပ်ပြဲ၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ကဒက်ငယ်ထိန်၊ လေးသွန်းခံ၊ ညှင်းမော်၊ ကဒက် ကြီး၊ သပြေရှောင်အပါအဝင် ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအ တွင်း နိုင်ငံတဝန်းမှာ နေအိမ် ၈၆၀၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ပြီးခဲ့တဲ့ စက်တင် ဘာ နောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.