ဘီးလင်း၊ ဇန်နဝါရီ ၃

အချိန်နှစ်ပတ်ကျော်ကြာ ဖြစ်ပွားနေတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ် ကောင်စီ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ တော်လှန်ရေးအင် အားစုပူးပေါင်းအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ်အင်အား ၆၀ ကျော် တပ်စွဲနေထိုင်တဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် PDF ပူးပေါင်းတပ်ဖွဲ့တွေ က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိထားသလို စစ်ကောင်စီဘက်က လည်း အနည်းဆုံး ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးထားတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်နဲ့လည်း လာရောက်ပစ်ခတ်တာတွေ ရှိနေ တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဝင်းတာပန်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ် ကောင်စီတပ်က အလံဖြူထောင်တာ ရှိနေပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေ တက်သွားစဉ် ပြန်လည်ပစ်ခတ်တာ တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေ သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထောင်နဲ့ချီ စစ်ရှောင်နေရတာပါ။

စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေ့ရက်ရှည်ကြာလာတာနဲ့အမျှ အခြေခံစားနပ်ရိက္ခာ၊ဆေးဝါး၊ စောင်၊ခြင် ထောင်နဲ့အနွေးအထည်ကအစ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်မှု မြင့်တက်လာတယ်လို့ စစ်ေ ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

ဝင်းတာပန်စခန်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အပြင် စစ်ကောင်စီတို့ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.