မော်လမြိုင် – ဒီဇင်ဘာ ၃၀
စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာ ထောင်တွင်း ဥပဒေမဲ့ သတ်ဖြတ်ခံ ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးအထိရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်ရဲ့ နှစ်ကုန်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းချိန်ကစပြီး မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဥပဒေမဲ့ သတ်ဖြတ်တာ၊ဆေးဝါးကုသခွင့်မပေးတာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေပြုလုပ်နေ တယ်လို့ ဆိုထားတာပါ။
အစီရင်ခံစာအရ ထောင်တွင်း ဥပဒေမဲ့ အသတ်ခံရသူ ၁၈ ဦး၊ ဆေးဝါးစောင့်ရှောက်မှု မရရှိလို့ သေဆုံးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆ ဦး၊ညှဉ်းပန်းနှိပ်စက်ခံရသူ ၇၁၁ဦး၊ထောင်ပြောင်းရွှေ့ ခံရသူ ၈၈၃ ဦး၊တိုက်ပိတ်ခံရသူ ၂၁၈ ဦးနဲ့ ကလေးမီးဖွားကာစ အကျဉ်းသူ ၁၅ ဦးအထိရှိတယ် လို့ ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွက်ရက်က ချိတ်ဆက်ရရှိ ထားတဲ့ အကျဉ်းထောင် ၃၆ ထောင်ရဲ့ စာရင်းသာဖြစ်ပြီး မြေပြင်အခြေအနေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုများပြားနိုင်တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စတင်ဖမ်းဆီးခံရချိန်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေမှာ လူ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေကြရတယ်လို့ ဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှာတော့ စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၆၀၀၀ နီးပါးအထိရှိနေပြီ လို့ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM