ဘန်ကောက်၊ ဒီဇင်ဘာ ၂၁
ထိုင်းအစိုးရအဖွဲ့က လာမယ့်ဇန်နဝါရီ ၁ ရက်နေ့ကစပြီး မတ်လအကုန်ပိုင်းထိ ဒီဇယ်နဲ့ အိမ်သုံး ဂတ်စ်လက်လီဈေးနှုန်းတွေကို ထိန်းချုပ်ပြီး လျှပ်စစ်မီတာဈေးနှုန်းကို တစ်ယူနစ် ၃ ဒသမ ၉၉ ဘတ်ကနေ ၄ ဒသမ ၂၀ ဘတ်အထိ တိုးမြှင့်မယ်လို့ အသိပေးခဲ့ပါတယ်။
ဒီဇယ်နဲ့ အိမ်သုံးဓာတ်ငွေ့ဈေးနှုန်းကို ထိန်းချုပ်ထားတာဟာ လူနေမှုစရိတ်သက်သာစေဖို့နဲ့ စီးပွားရေးပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ပြီး စက်တင်ဘာလကနေ ဒီဇင်ဘာလကုန်ထိ သတ်မှတ်ချက်ကို လုပ်ဆောင်မှာဖြစ်တယ်လို့ အစိုးရအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့တာပါ။
ဘဏ္ဍာရေးနဲ့ စွမ်းအင်ဝန်ကြီးဌာနက ယစ်မျိုးခွန်နဲ့ လောင်စာဆီရန်ပုံငွေအဖြစ် ဒီဇယ်ဈေး တစ်လီတာကို ဘတ် ၃၀ ထက်မပိုတဲ့ ကောက်ခံမှုနဲ့ အိမ်သုံးဓာတ်ငွေ့ဆလင်ဒါ ၁၅ ကီလိုဂရမ်ကို ၄၂၅ ဘတ်ကောက်ခံသွားမှာဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
အစိုးရအဖွဲ့ဒုတိယပြောရေးဆိုခွင့်ရှိသူက လျှပ်စစ်မီတာခ ဈေးနှုန်းအနည်းငယ်တက်မှာ ဖြစ်သလို ကာလတိုမှာ ဈေးနှုန်းတိုးမြှင့်ဖို့လိုအပ်တဲ့ အခြေအနေအကြောင်းအရာတွေကို နားလည်ဖို့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။
ဈေးနှုန်းပြောင်းလဲလာတာဟာ နှစ် ၄၀ ကျော်အသုံးပြုလာတဲ့ ရေရှည်အတိုင်းအတာတစ်ခုဖြစ် တယ်လို့လည်း သိရပါတယ်။
အိမ်ထောင်စု ၁၇ ဒသမ ၇၇ သန်းအတွက် အစိုးရထောက်ပံ့တဲ့ ၄ လစာအတွက် ဘတ်ငွေ ၁ ဒသမ ၉၅ ဘီလျံကတဆင့် အိမ်သုံးနဲ့ ဝင်ငွေနည်းသူတွေ တစ်လမီတာ ၃၀၀ ယူနစ် မကျော်ရင် ဈေးနှုန်းအဟောင်းဖြစ်တဲ့ ၃ ဒသမ ၉၉ ဘတ်အတိုင်း ၄ လကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref : Thai PBS world