ဘန်ကောက်၊ဒီဇင်ဘာ ၉

ထိုင်းနိုင်ငံမှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့အပြောင်းအလဲအပေါ် သဘောမတွေ့ကြောင်း ပြောဆိုခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကို လွှတ်တော်နှစ်ရပ်က ဖြေရှင်းဖို့ ဆင့်ခေါ်ခဲ့ပေမယ့် ဒုဝန်ကြီးချုပ် ဆွမ်ဆက်ထေ့ဖ်ဆူတင်သာ လာရောက်ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။

ရဲရေးရာ ထိုင်းအောက်လွှတ်တော်နဲ့ လုံခြုံရေး၊နယ်စပ်ရေးရာ အမျိုးသားရေးမဟာဗျူဟာနဲ့ အမျိုးသားရေး ပြုပြင်ပြောင်းလဲရေး အောက်လွှတ်တော်အဖွဲ့ဝင်တွေဟာ ရဲစခန်းမှူးအသစ် ခန့်အပ်တွေမှုကို မှတ်ချက်ပေး ဝေဖန်ခဲ့တဲ့အတွက် သက်သေခံဖို့ ဝန်ကြီးချုပ် မစ္စတာဆာရီထာကို ဆင့်ခေါ်ခဲ့တာပါ။

ဒါပေမယ့် ထိုင်းဝန်ကြီးချုပ်ဟာ Pheu Thai ပါတီရဲ့ ပါလီမန်အဖွဲ့ဝင်တွေပါဝင်မယ့် တွေ့ဆုံပွဲ တစ်ခုကြောင့် အလုပ်ရှုပ်နေတာဖြစ်တယ်လို့ အဖွဲ့ဝင်နှစ်ဦးဆီအသိပေးထားပါတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းက Pheu Thai ပါတီရုံးချုပ်မှာ မစ္စတာ ဆာရီထာဟာ ရဲတပ်ဖွဲ့အကြီးအကဲတွေ ခန့်အပ်မှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးမယ့်သူတွေကို မတွေ့မိထားဘူးလို့ လွှတ်တော်အမတ်တွေကို ပြောခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ထားတာပါ။

သဘောထားကွဲလွဲနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ကြားနာမှုကို ဦးဆောင်ခဲ့တဲ့ Democrat ပါလီမန်အမတ် ချိုင်ချနာ ဒဲ့ဒီချိုက ဝန်ကြီးချုပ်ဟာ အမျိုးသားရေးကိစ္စတွေကို ဦးစားပေးရမှာထက် ပါတီအရေးကိုသာ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ဒုဝန်ကြီးချုပ် ဆွမ်ဆက် ထေဖ့်ဆူတင်ကတော့ ကြားနာမှုမှာ မစ္စတာ ဆာရီထာရဲ့ မှတ်ချက်ကိုသာ ကာကွယ် ပြောဆိုနေခဲ့တာဖြစ်တယ်လို့ ကြားနားမှုကို ဦးဆောင်တဲ့ မစ္စတာ ချိုင်ချနာက ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်ကြားနာမှုတစ်ခုမှာလည်း ဝန်ကြီးချုပ်တက်ရောက်လာဖို့ အောက်လွှတ်တော် အမတ်တွေက မျှော်လင့်ထားကြပြီး အောက်လွှတ်တော် ရဲအရေးဆိုင်ရာ အဖွဲ့ဝင်တွေရဲ့ မေးခွန်းကို ဖြေဆိုဖို့ ဝန်ကြီးချုပ်ဟောင်း သက်ဆက်ရှာနာဝါထာရာတောင် လာရောက်ဖူးတယ်လို့ မစ္စတာ ချိုင်ချနာက မှတ်ချက်ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အမြဲတမ်းဝန်ထမ်း အရာရှိတွေရဲ့ အပြောင်းအလဲနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ရွေးကောက်ခံအစိုးရတွေက ဝင်ရောက်စွတ်ဖက်ပိုင်ခွင့်မရှိဘူးလို့ ပြဌာန်းချက်တွေ ရှိနေတာပါ။

Ref : The Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.