ဟနွိုင်း – နိုဝင်ဘာ ၁၉
ဗီယက်နမ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း ကျွန်းအတုတည်ဆောက်တဲ့လုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်ကာ မနှစ်က ဒီဇင်ဘာလကစပြီး နောက်ထပ် ၁၃၃ ဟက်တာဖန်တီးခဲ့ တယ်လို့ အမေရိကန်ပညာရှင်တစ်ဦးရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ချဲ့ထွင်တဲ့လုပ်ငန်းတွေကို ၄၈ ဟက်တာလုပ်ဆောင်ထား ခဲ့ပြီး ကျွန်းတုတည်ဆောက်တာဟာ တရုတ်ပြီးရင် ဗီယက်နမက ဒုတိယဖြစ်တယ်လို့ အမေရိကန် ရဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာမှုအဖွဲ့ (CSIS) က ဂြိုလ်တုဓာတ်ပုံတွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ကျွန်းတုတည်ဆောက်ဖို့အတွက် တောင်တရုတ်ပင်လယ်ထဲက နေရာတော်တော် များများကို တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ မူရင်းသတင်းမှာ ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်ဟာ တစ်နှစ်ကို ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထွီလီယံ လောက်ရရှိနေတဲ့အတွက် တရုတ်၊ဘရူနိုင်း၊မလေးရှား၊ဖိလစ်ပိုင်၊ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ဟာ ပိုင်ဆိုင်မှု အငြင်းပွားနေကြတာဖြစ်ပါတယ်။
ဗီယက်နမ်ရဲ့ မကြာသေးခင်က ကျွန်းတိုးချဲ့မှုတွေဟာ Bai Thuyen Chai လို့ခေါ်တဲ့ Barque Canada Reef အမျိုးအစားတွေက အထင်ရှားဆုံးဖြစ်ခဲ့သလို လွန်ခဲ့တဲ့နှစ်အတွင်း ကျွန်းမြေ ၈၅ ဟက်တာအထိဖန်တီးခဲ့တယ်လို့ CSIS ရဲ့ Asia Maritime Transparency Initiative (AMTI) က ထုတ်ဝေတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗီယက်နမ်ဟာ သူတို့ရဲ့ သောင်တူးရေးကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ဖို့ တူးစက်တွေ ကို စတင်အသုံးပြုထားသလို ပြီးခဲ့တဲ့လက တောင်သန္တာကျောက်တန်းနဲ့ ဗဟို သန္တာကျောက် တန်းတွေအပါအဝင် ကျွန်းတုနဲ့ သက်ဆိုင်တဲ့ အရာတွေရှိလာတယ်လို့ ဆိုထားပါတယ်။
တရုတ်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်အတွင်းမှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ကျွန်းတု ၁၂၉၅ ဟက်တာ တည်ဆောက်ထားတယ်လို့ CSIS ရဲ့ အစီရင်ခံစာက အသိပေးထား ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တရုတ်ဘက်က ထုတ်ပြန်ထားတဲ့ တောင်တရုတ်ပင်လယ်နယ်နမိတ် သတ်မှတ်ချက်ဟာ တခြားသော ပင်လယ်ချင်းထိစပ်တဲ့ နယ်နိမိတ်နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာကို ထိပါးခဲ့တဲ့အတွက် ဖိလစ်စပိုင်၊မလေးရှား၊ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့က ပယ်ချထားပါ တယ်။
Ref: Reuters/wk(kg)