အင်ဒို၊ မလေးရှားတို့နဲ့ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုအသစ်ကို စင်ကာပူမိတ်ဆက်
စင်ကာပူ၊ နိုဝင်ဘာလ ၁၉ စင်ကာပူဟာ အင်းဒိုနီးရှား၊ မလေးရှားတို့နဲ့ နယ်စပ်ဖြတ်ကျော် QR ကုဒ်စနစ် ငွေပေးချေမှုစနစ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ကမိတ်ဆက်ခဲ့ပါတယ်။ အခုချိတ်ဆက်မှုကနေတဆင့် အသုံးပြုသူတွေဟာ စကင်ဖတ်ရုံဖြင့် ၂ နိုင်ငံအကြားမှာရှိတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေအကြားမှာ လက်လီပေးချေမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ Bank Indonesia (BI) နဲ့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) တို့ရဲ့ ပူးတွဲကြေငြာချက်မှာဖော်ပြထားပါတယ်။…