November 3, 2023

ရုရှားလက်မှတ်ထိုးထားတဲ့ နျူလက်နက်စမ်းသပ်မှုတားမြစ်စာချုပ် ပူတင် ရုပ်သိမ်း

မော်စကို၊ နိုဝင်ဘာ ၄ ရုရှားနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ နျူလက်နက်စမ်းသပ်မှု တားမြစ်ရေး သဘောတူစာချုပ်ကို သမ္မတဗလာဒီမာပူတင်က နိုဝင်ဘာ ၂ ရက်နေ့မှာ လက်မှတ်ရေးပြီး ရုပ်သိမ်းလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တာဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အနိမ့်ဆုံးအဆင့် ရောက်ရှိနေတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြား ဆက်ဆံရေး ပိုမိုအေးစက်သွားပြီးဆိုတဲ့ အခြေအနေကို သက်သေပြခဲ့တာလည်း ဖြစ်ပါတယ်။ အလုံးစုံနျူကလီးယားစမ်းသပ်မှု တားမြစ်ရေးစာချုပ် CTBT ကို…

လေထုညစ်ညမ်းမှုကြောင့် နယူးဒေလီက မူလတန်းကျောင်းတွေ ယာယီပိတ်သိမ်း

နယူးဒေလီ၊နိုဝင်ဘာ ၄ အိန္ဒိယနိုင်ငံရဲ့ မြို့တော်နယူးဒေလီမှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိလာတဲ့အတွက် အစိုးရရုံးတွေနဲ့ မူလတန်းစာသင်ကျောင်းအားလုံး နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ယာယီပိတ်သိမ်းဖို့ နယူးဒေလီဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။ အရင်က တွမ်တာလို့ လူသိများတဲ့ “X” လူမှုကွန်ရက်မှာ နယူးဒေလီဝန်ကြီးချုပ်က လေထုညစ် ညမ်းမှု မြင့်တက်လာတာကြောင့် နယူးဒေလီမှာရှိတဲ့ အစိုးရရုံးနဲ့မူလတန်း ကျောင်းတွေကို ၂ ရက်ကြာ…

ဂါဇာရဲ့ အရပ်သားထိခိုက်သေဆုံးမှု အစ္စရေးနဲ့ အမေရိကန်တို့ ဆွေးနွေးဖို့ရှိ

ဝါရှင်တန်၊ နိုဝင်ဘာ ၄ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဂါဇာဒေသက အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် အစ္စရေးနိုင်ငံကို သွားရောက်မယ့်ခရီးစဉ်မှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသကိုသွားရောက်မယ့် သူ့ရဲ့ ဒုတိယခရီးစဉ်မထွက်ခွာခင် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။ ဟားမတ်စ်စစ်သွေးကြွတွေ တိုက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် ဂါဇာကမ်းမြောင်ဒေသရဲ့ အနာဂတ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုရရှိရေးနဲ့…

ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ ဒုစစ်ကြောင်းမှူးအပါအဝင် PDF ရဲဘော် ၂ ဦး ကျဆုံး

ကြာအင်းဆိပ်ကြီး – နိုဝင်ဘာ ၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ကို စီနင်းတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုအဖွဲ့တွေဘက်က ဒုစစ်ကြောင်းမှူးအပါအဝင် PDF ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ စောနဂါးတပ်ဖွဲ့ SDDF က ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မနေ့ နိုဝင်ဘာ ၂ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ရင်းစခန်းတွေနဲ့ တပ်စွဲထားရာနေရာတွေကို…

မင်းရွာရဲစခန်းကို ABSDF နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးအရှင်ဖမ်းဆီးရမိ

ဂန့်ဂေါ – နိုဝင်ဘာ ၃ မကွေးတိုင်း၊ဂန့်ဂေါခရိုင် မင်းရွာရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ABSDF Coulmn 3 က သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၃ ရက် မနက် အစောပိုင်းကနေ ၉ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားပြီးနောက် မင်းရွာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ”…

ရွှေလီကြိုးတံတားရှိ စစ်ကောင်တပ်စခန်းကို TNLA သိမ်းပိုက်

နမ့်ခမ်း၊နိုဝင်ဘာ ၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးကို ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်ထားပါတယ်။ ရွှေလီကြိုးတံတားမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီ အမှတ်(၄၂၃) ခြေမြန်တပ်ရင်းရဲ့ တပ်စခန်းကို တအာင်းတပ်မတော် (TNLA)က ၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာ…

မွန်ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌ နိုင်ဗညားအောင်နဲ့ ဆက်သွယ်မေးမြန်းချက်

“ဆရာကြီးနိုင်ငွေသိန်းက မွန်လူငယ်တွေကို အချစ်သီချင်းရေးမယ်ဆိုရင်လည်း မင်းတို့အမျိုးသားရေးကို နည်းနည်းပါးပါးထည့်ပြီး ချစ်ကြပါ၊ ရေးကြပါလို့ အမြဲတမ်းမှာကြားလေ့ရှိတယ်” ဝါရင့်မွန်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အသက် ၈၈ အရွယ် ဆရာကြီးနိုင်ငွေသိန်းရဲ့ ဂုဏ်ပြုပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ပြင်းထန်ဝေဒနာခံစားနေရတဲ့ ဆရာကြီးနိုင်ငွေသိန်းဟာ သူ့သက်တမ်းတလျှောက် မွန်အမျိုးသားရေး၊ မွန်စာပေယဉ်‌ကျေးမှု၊ မွန်ဂီတသုခုမ၊ မွန်နိုင်ငံရေး…

ယောဒေသမှာ စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်နေ

ဂန့်ဂေါ – နိုဝင်ဘာ ၃ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို စတင်သိမ်းပိုက်နေပြီလို့ ကာကွယ်ရေးအင်အားစုတွေက သံလွင်တိုင်းမ် ကိုအတည်ပြုပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းကစပြီး စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်နေကာ လက်ရှိအချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံ စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။ ဂန့်ဂေါနဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေး၊တမူးဘက်မှာလည်း စစ်ကောင်စီရဲ့ စခန်းတွေကို…