October 14, 2023

ဂျော်ဂျီယာအသင်းကို အရှက်တကွဲ ရှုံးနိမ့်မှုကြောင့် ထိုင်အသင်း ပရိသတ်တွေအား ဝန်ချတောင်းပန်

ဘန်ကောက်၊ အောက်တိုဘာ(၁၅) ထိုင်းလက်ရွေးစင်ဘောလုံးအသင်း ဂျော်ဂျီယာအသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့အတွက် ထိုင်းဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာ ၁၃ ရက်နေ့မှာ ပရိသတ်တွေကို ဝန်ချတောင်းပန်ခဲ့ပြီး နောက်ထပ် ကြီးကြီးမားမား ရှုံးနိမ့်မှု ထပ်မဖြစ်စေရဘူးလို့လည်း ကတိပေးခဲ့ပါတယ်။ ထိုင်းလက်ရွေးစင်ဘောလုံးအသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ဂျော်ဂျီယာအသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ခြေစမ်းပွဲမှာ ၈ ဂိုး ဂိုးမရှိ အရှက်တကွဲ…

ပါလက်စတိုင်းအရပ်သားတွေ ဂါဇာတောင်ဘက်ကို ပြောင်းရွှေ့နေပြီလို့ အစ္စရေးပြော

ဂျေရုစလင်၊ အောက်တိုဘာ(၁၅) ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ်က ကတိပြုထားတာ ကြောင့် ဂါဇာမြို့ ခံတွေကို စွန့်ခွာဖို့အမိန့်ပေးပြီး တစ်ရက်အကြာမှာပဲ ပါလက်စတိုင်းတောင် ဘက်မှာ သိသာတဲ့ လှုပ်ရှားမှုတွေ မြင်တွေ့ခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ အစ္စရေးဟာ လွန်ခဲ့တဲ့တစ်ပတ်က အံ့အားသင့်ဖွယ် ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေး နိုင်ငံသား ၁၃၀၀ သေဆုံးခဲ့ပြီး…

အာဖဂန်မှာ ငလျင်ကြောင့်သေဆုံးသူ နှစ်ထောင်ကျော်ရှိပေမယ့် သေဆုံးစာရင်းကို ထက်ဝက်လျော့ပြီး တာလီဘန်တွေထုတ်ပြန်

ကာဘူးလ်၊ အောက်တိုဘာ (၁၅) ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၄၀၀ ကျော်ရှိပေမယ့်လည်း အာဖဂန်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဝန်ကြီး ဌာနက ၁၀၀၀ ကျော်အထိသာရှိတယ်လို့ ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း ဝန်ကြီးဌာန အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ အနောက်ပိုင်းခရိုင်ဒေသန္တရဖြစ်တဲ့ ဟာရတ်မှာ စနေနေ့နဲ့ဗုဒ္ဓဟူးနေ့တို့မှာ ငလျင်ပေါင်း များစွာ လှုပ်ခတ်မှုကို ခံခဲ့ရပါတယ်။ နိုင်ငံသားတွေက စစ်ပွဲဒဏ်ပါသင့်နေကြတဲ့အတွက် ရွာပေါင်းများစွာပျက်စီးခဲ့သလို ဒေသခံ အများစုကလည်း…

KNU နယ်မြေ တစ်လအတွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈၀ နီးပါး သေဆုံးခဲ့

ဒူးပလာယာ၊ အောက်တိုဘာ (၁၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် ၈၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ ပြန်ကြားရေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO၊…

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့် NCA နှစ်ပတ်လည်ပွဲ

ချန်းမဏိ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ဒီမိုကရေစီအစိုးရနှစ်ဆက် အကောင်အထည်ဖော်ကြိုးပမ်းခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့တာ အောက်တိုဘာ ၁၅ ရက်ဆို ၈ နှစ်ပြည့်ပါပြီ။ NCA ချုပ်ဆိုခဲ့တဲ့ နှစ်ပတ်လည်နေ့ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားလုပ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက သံတမန်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ စစ်ခေါင်းဆောင်…

တနင်္သာရီမှာ လက်နက်ကြီးကျလို့ ကလေးတစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

တနင်္သာရီ၊ အောက်တိုဘာ(၁၄) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သစ်တပင်နဲ့ လယ်တောင်ယာကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တိုင်း (ပကခ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇…

စစ်အာဏာသိမ်း (၉၈၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၄၆) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၁၄) AAPP ရဲ့ အောက်တိုဘာ(၁၃)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၈၅)ရက်အတွင်း ပြည်သူ (၄၁၄၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၆၂၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ…

စစ်ကောင်စီလက်ထက် နိုင်ငံခြားကုန်သွယ်မှု ဘီလီယံနဲ့ချီကျဆင်းလာ

မော်လမြိုင်၊ အောက်တိုဘာ(၁၄) မြန်မာနိုင်ငံမှာ အခုဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားကုန်သွယ်မှုဝင်ငွေ ဘီလီယံနဲ့ချီ ကျဆင်းလာတယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နိုင်ငံခြားကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် ဧပြီလကနေ စက်တင်ဘာလအထိ အမေရိကန်ဒေါ် လာ ၁၆ ဘီလီယံကျော်အထိ ကုန်သွယ်နိုင်ခဲ့ပေမယ့် အခုဘဏ္ဍာရေးနှစ်ကာလတူ ကာလအတွင်း ကန်ဒေါ်လာ ၁၅ ဘီလီယံကျော်သာရှိတဲ့အတွက် ဒေါ်လာတစ်ဘီလီယံကျော် ကုန်သွယ်မှုကျဆင်းလာတာပါ။ ဒါ့အပြင်…