October 7, 2023

အမေရိကန်နျူကလီးယား ရေငုပ်သင်္ဘော လျှို့ဝှက်ချက် ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ထရမ့် ငြင်းဆို

ဝါရှင်တန်၊ အောက်တိုဘာ (၈) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ နျူကလီးယားရေငုပ်သင်္ဘော လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီး ဩစတြေးလျစီးပွားရေးသမားတစ်ဦးကို ပြောဆိုကြောင်း ဖော်ပြနေတဲ့ သတင်းတွေကို အောက်တိုဘာ ၆ ရက်နေ့မှာ ငြင်းဆိုခဲ့ပါတယ်။ ထရမ့်ဟာ အဲဒီစီးပွားရေးသမားနဲ့ ဖလော်ရီဒါရှိ သူ့ရဲ့စံအိမ်အိမ်ကြီးမှာ တွေ့ဆုံမှုတစ်ခုအတွင်း ပြောဆိုခဲ့တာလို့ မီဒီယာတွေမှာ ဖော်ပြနေတာဖြစ်ပါတယ်။ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး The New…

ဘန်ကောက်ပစ်ခတ်မှု သေဆုံးသူနှစ်ဦးအတွက် တစ်ဦးလျှင်နစ်နာကြေး ဘတ် ၆ သန်းကျော် ထောက်ပံ့မယ်

ဘန်ကောက်၊ အောက်တိုဘာ (၈) ဘန်ကောက်မြို့ ဆီယမ်ပါရာဂွန် ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ ၂ ဦးရဲ့ မိသားစုဝင်တွေ အတွက် နစ်နာကြေးအဖြစ် ထိုင်းအစိုးရနဲ့ ကုန်တိုက်ပိုင်ရှင်တို့က တစ်ဦးလျှင် ဘတ် ၆ သန်း ကျော်အသီးသီးပေးအပ်သွားမှာ ဖြစ်ပြီး ဒဏ်ရာရသူတွေကို ဘတ် ၃ သိန်းခွဲစီ ထောက်ပံ့ပေး သွားမယ်လို့ သိရပါတယ်။ အသက်ဆုံးပါးသွားခဲ့တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသားတို့ရဲ့…

၂၀၂၃ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အီရန်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ချီးမြှင့်ခံရ

အော့စ်လို၊ အောက်တိုဘာ(၈) ၂၀၂၃ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အီရန်အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ နာဂျီစ့်မိုဟာမာဒီကို ချီးမြှင့်ဖို့ နော်ဝေးနိုင်ငံ နိုဘယ်လ်ကော်မတီက ဆုံးဖြတ်ချက် ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ နိုဘယ်လ်ကော်မတီက နာဂျီစ့်မိုဟာမာဒီဟာ အမျိူးသမီးအခွင့်အရေးတွေအပြင် လူ့အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့တာကြောင့် ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့…

ညောင်လေးပင်က အရပ်သားများ သတ်ဖြတ်ခံရမှုကို PDF များ သေဆုံးဟု စစ်လော်ဘီတွေ သတင်းအမှားဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်း ကျေးရွာတိုက်ပွဲတွင် KNU/PDF အယောက် ၅၀ ကျော် သေဆုံးပြီး စစ်တပ်ဘက်မှ…

ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(၂) နှစ်ပြည့် အထိမ်းမှတ်စစ်ရေးပြအခမ်းအနားကျင်းပ

ထားဝယ် – အောက်တိုဘာ(၇) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့(၂) နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ (Tavoy People Liberation Force _ TPLF)က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၆) ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး (၂) နှစ်တာအတွင်း တပ်ဖွဲ့ တည်ဆောက်မှုဆိုင်ရာ ခိုင်မာအားကောင်းရေးအတွက် အလေးထားဆောင်ရွက်နေသလို ရှေ့တန်းစစ်မျက်နှာပြင်မှာ…

နေပြည်တော်စစ်ဒေသခွဲက စစ်သည်တော်တွေလိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး သင်တန်းပေး

နေပြည်တော် – အောက်တိုဘာ(၇) နေပြည်တော်စစ်ဒေသခွဲ ပြည်သူလူထုလုံခြုံရေးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်စစ်ဒေသခွဲ တပ်ရင်းအမှတ်(၈၀၅)က ရဲဘော်တွေကို စစ်သည်တော်တွေလိုက်နာ ကျင့်ကြံရမယ့် ကျင့်ဝတ်တွေကို သင်တန်းပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ(၃) ရက်နေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ COC – Code of Conduct / Soldier’s rules စစ်သည်တော်ကျင့်ဝတ်များ၊စစ်မှုထမ်းများ ယေဘူယျ…

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း နဲ့ ဆက်သွယ်မေးမြန်းချက်

“အခုက ရဲအလုပ်လည်း တပ်(စကစ)ကဝင်ရှုပ်တယ်။ ဌာနဆိုင်ရာအလုပ်လည်း တပ်ကဝင်ရှုပ်တယ်။ ပါလေရာ လုပ်နေတယ်။ ဘာလုပ်ငန်းမှမတတ်၊ ဘာမှမသိဘူး။ တပ်မှာမတော်တဲ့သူတွေ တခြားဌာနဆိုင်ရာတွေကို ပို့တော့ အကုန်လုံးပျက်ကုန်တာပေါ့” အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်အင်အားပြုန်းတီးလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေကိုပါ အစားထိုးအသုံးပြုလာတယ်လို့ ရဲအသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုတာတွေ ရှိလာတာပါ။ စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲတွေအတွက် စစ်သားတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့တာ၊…

မြိတ်မှာ ညစောင့်အရပ်သားတစ်ဦးကို ပျူအဖွဲ့ကအကြောင်းမဲ့ပစ်သတ်

မြိတ်၊ အောက်တိုဘာ(၇) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အမှတ် ၁ ဆိပ်ခံတံတားမှာ အောက်တိုဘာ ၅ ရက်နေ့ ည ၁၂ နာရီ အချိန်လောက်က တံတားညစောင့် အရပ်သားအမျိုးသားတစ်ဦးကို ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြည်သူ့စစ်အဖွဲ့ (ဒေသအခေါ်) ပျုစောထီး ဦးထွန်းထွန်းစိုးနဲ့အဖွဲ့ဟာ အရက်သောက်စားပြီး ဆိပ်ခံတံတားအားရောက်ရှိလာစဉ် အသက် ၄၀ အရွယ်…