ယူကရိန်းကို ဗြိတိန်တပ်ဖွဲ့တွေစေလွှတ်ဖို့ အစီအစဉ်မရှိသေးကြောင်း ဝန်ကြီးချုပ်ပြော
မန်ချက်စကာ၊ အောက်တိုဘာ (၃) ယူကရိန်းမှာ စစ်သင်တန်းပို့ချမယ့် အစီအစဉ်မရှိသေးပဲ နိုင်ငံအတွင်းတပ်ဖွဲ့ဝင်တွေလေ့ကျင့် ဆောင်ရွက်နိုင်ဖို့ အကြံပြုထားတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ မှတ်ချက်တွေကိုပါ ပြန်လည်ရုတ် သိမ်းလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်က ပြောကြားလိုက်ပါတယ်။ ဗြိတိန်နဲ့ သူ့ရဲ့မဟာမိတ်တွေဟာ လက်ရှိအချိန်အထိ ရုရှားနဲ့တိုက်ရိုက်ပဋိပက္ခဖြစ်နိုင်ခြေတွေကို လျှော့ချဖို့ အ တွက် ယူကရိန်းမှာ တရားဝင်စစ်ရေးချထားမှုတွေကို ရှောင်ရှားခဲ့ကြပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းနိုင်ငံ ဒါမှမဟုတ် အခြားသော…