နယူးယောက်၊ စက်တင်ဘာ (၂၄) 

ထိုင်းဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ မစ္စတာဆရီထာသာဗီဇင်က နိုင်ငံအတွင်းမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို အကောင်းဆုံး စောင့်ရှောက်မှုတွေပေးထားကြောင်း၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာ ခံမှာ အခိုင်အ မာပြောကြားခဲ့ပါတယ်။ 

ဒါဟာထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးရဲ့ အရေးပါပုံကိုအတိအလင်းဖော်ပြခဲ့တာဖြစ်တယ်လို့ လည်း ဆိုခဲ့ပါ တယ်။ 

မစ္စတာဆရီထာက ထိုင်းနိုင်ငံဟာ လူအခွင့်အရေးကို အရေးကြီးတဲ့နေရာမှာထားရှိသလို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုလည်း ထောက်ပံ့လျှက်ရှိတယ်လို့ ပြောကြားထားပါတယ်။ 

ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို ကူညီပေးရေး အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေတာသာဖြစ် ပြီး အိမ်နီး ချင်းနိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထိုင်းဝန်ကြီးချုပ်က သူရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြောခဲ့ပြီး ထိုင်းဟာ ဒုက္ခ သည်တွေကို ကူညီစောင့်ရှောက်ထားတဲ့နိုင်ငံဖြစ်တယ်ဆိုတဲ့ သတင်းစကားကိုသာ အကြောက်အကန်ပြော ကြားခဲ့တာ ဖြစ်ပါတယ်။ 

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ထိုင်းဝန်ကြီးချုပ်က ကမ္ဘာ့နေရာအနှံ့မှာ ပဋိပက္ခတွေ မြင့်တက်နေတာကြောင့် ငြိမ်းချမ်းရေး ဟာလည်း ထိရှလွယ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာတယ်လို့ ဖြေကြားခဲ့ပါတယ်။ 

၇၈ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ နိုင်ငံတွေအကြား “သန့်ရှင်းသော လေထုကိစ္စရပ်” ဟာလည်း ဘုံသဘောတူညီတဲ့ ကိစ္စရပ်ဖြစ်ခဲ့ပြီး ကုလအကြီးအကဲနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့အကြား ဆွေးနွေးခဲ့တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၂၀၃၀ အစီအစဉ် အတိုင်း ထိုင်း အစိုးရအသစ်ရဲ့ ဦးစားပေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် ကုလအကြီးအကဲကလည်း ကနဦးအကောင်အထည်ဖော်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ ထိုင်းနဲ့ကုလတို့ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့နဲ့ ရာသီဥတု အရေးဆောင်ရွက်မှုတို့လုပ်ဆောင်ဖို့ သဘောတူညီခဲ့တာပါ။ 

မစ္စတာဆရီထာက ကုလသမဂ္ဂရဲ့ အကြီးတန်းရာထူးတွေမှာ ထိုင်းနိုင်ငံသားတွေကို ပိုမြင်ချင်ပါတယ်လို့လည်း သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ကုလအထွေထွေအတွင်းရေးမှူးကလည်း ထိုင်းနိုင်ငံနှင့် ကုလအကြား ကောင်းမွန်တဲ့ဆက်ဆံရေး အပြင် ထိုင်းနိုင် ငံဟာ ဒေသအတွင်းမှာ ကုလအေဂျင်စီအများစုကိုလက်ခံဖို့ တက်ကြွတဲ့အခန်း ကဏ္ဍမှာတည်ရှိနေတာကြောင့် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်းအစိုးရထုတ်ပြန် ချက်တွေအရ သိရပါတယ်။

 ကုလအထွေထွေညီလာခံကို ၇၈ ကြိမ်တိုင်တိုင်ကျင်းပနေချိန်မှာ ထိုင်းပါလီမန်အတွင်းမှာလည်း Move Forward ပါတီ အမတ်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာ တောင်းဆိုချက်တစ်ခု တင်သွင်းခဲ့ပါတယ်။ 

Move Forward ပါတီမှ လွှတ်တော်အမတ် ချူလာဖုံ ယူကိတ်က ရှမ်းပြည်မှာဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုများကြောင့် ထိခိုက်ခဲ့ရတဲ့ မြန်မာပြည်သူများကို ကူညီန် အစားအစာ၊ ဆေးဝါးအထောက်အပံ့နဲ့ အခြား လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ပေးပို့ချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို ထောက်ပံ့ပေးဖို့ ထိုင်းအစိုးရကို စက်တင်ဘာ ၂၂ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။ 

Ref-Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.