မြောက်ကိုရီးယားနဲ့ရုရှား စစ်ရေးပူးပေါင်းမှုအပေါ် အမေရိကန်၊တောင်ကိုရီးယားနဲ့ဂျပန်တို့ စိုးရိမ်
ဆိုးလ်၊ စက်တင်ဘာ(၂၄) လက်နက်ရောင်းဝယ်ရေးအပါအဝင် မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ် အမေရိကန်၊တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ မြောက်ကိုရီးယားနဲ့ရုရှား စစ်ရေးပူးပေါင်းမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပက်ဂျင်နဲ့ ဂျပန်နိုင်ငံခြား ရေးဝန်ကြီး ယိုကိုကာမီကာဝါတို့ဟာ စက်တင်ဘာ ၂၂ ရက်နေ့မှာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်နေတဲ့ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်မယ့်…