ပြုံယမ်း – စက်တင်ဘာ(၁၄)
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ (၂) နိုင်ငံကြား မဟာဗျူဟာကျ မိတ်ဖက် ဖြစ်တာကို ဖော်ပြတာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ နှစ်နိုင်ငံကြား လက်နက်ကုန်သွယ်ရေးဆိုင်ရာ သတိပေးချက်တွေ ရှိပေမယ့် သမ္မတပူတင်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နိုင်ဖို့ မစ္စတာကင်ဟာ ကိုယ်ပိုင်ရထားနဲ့ သွား ရောက်ခဲ့တာပါ။
“ကင်ဂျုံအန်း၏ ပြောကြားချက်အရ ရုရှားဖက်ဒရေးရှင်းသို့ အလည်အပတ်ခရီးစဥ်သည် ကိုရီးယား၏ လုပ်သားပါတီ၏ ရပ်တည်ချက်သည် ထင်ရှားသော ရပ်တပ်ချက်ဖြစ်ပြီး မြောက်ကိုရီးယားဒီမိုကရက်တစ်နိုင်ငံနှင့် ရုရှားတို့အကြားမှာ မဟာဗျူဟာကျအရေးပေါ်မှုကို မြောက်ကိုရီးယားအစိုးရမှ ဦးစားပေးမည်” လို့ KCNA မှာဖော်ပြထားပါတယ်။
KCNA ထုတ်ပြန်ထားတဲ့ ပုံရိပ်တွေအရ ခေါင်းဆောင်ကင်ဂျုံအန်းဟာ အင်္ဂါနေ့မနက်ပိုင်းမှာ ရုရှားနယ်စပ်မြို့တော် ခါဆန်ကို ရောက်ရှိခဲ့ပြီး မော်စကိုနဲ့ တခြားနယ်တွေက အကြီးတန်း အာဏဦပိုင်တွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် မစ္စတာကင်ဂျုံအန်းဟာ ရုရှားသဘာဝအရင်းအမြစ်ဝန်ကြီး အလက်ဇန်းဒါး ကိုဇ့်လိုဖိ့ နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
လက်တလောမှာတော့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ရုရှားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Vostochny cosmodrome မှာ မစ္စတာ ပူတင်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဂျပန် ကျိုဒိုသတင်းဌာနနဲ့ တောင်ကိုရီး ယား မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အခုခရီးစဉ်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ (၄)နှစ်နီးပါးအတွင်း ပထမဆုံးအဖြစ် ရုရှား နိုင်ငံကို သွားရောက်တာဖြစ်ပြီး ကိုဗစ်ပြီးနောက် ပထမဆုံးအကြိမ်ခရီးစဉ်ဖြစ်တယ်လို့ KCNA မှာဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာတဲ့ အတိုင်း အတာတစ်ခုအထိ အသစ်တဖန်ရောက်ရှိလာပြီဖြစ်တယ်လို့လည်း အစီရင်ခံစာတွေမှာ ဖော်ပြ ထားပါတယ်။
Ref:Reuters