မော်စကို – စက်တင်ဘာ(၁၂) 

မြန်မာနိုင်ငံဟာ ရုရှားထုတ် Su-30 ဖိုက်တာဂျက်လေယာဉ်နှစ်စီး ပထမအကြိမ်တင်ပို့မှုကို လက်ခံရရှိထားပြီဖြစ်တယ်လို့ မြန်မာကုန်သွယ်ရေးဝန်ကြီး ချာလီသန်းက ရုရှားနိုင်ငံပိုင် သတင်း ဌာန RIA ကို ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ရည်ရွယ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ဖို့အတွက် ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ Eastern Economic Forum ရဲ့ ပြင်ပ တွေ့ဆုံမှုမှာ RIA သတင်းဌာနကို စစ်ကောင်စီဝန်ကြီးက ပြောခဲ့တာပါ။ 

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာက ရုရှားနဲ့ မြန်မာနိုင်ငံတို့ဟာ Su-30SME ဖိုက်တာဂျက် လေ ယာဉ်(၆)စင်း ပို့ဆောင်ဖို့ သဘောတူလက်မှတ်ရေးထိုးထားတာလို့ RIA ကဖော်ပြထားပါတယ်။ 

ဘက်စုံအသုံးပြုနိုင်တဲ့ Sukhoi Su-30SME ဖိုက်တာဂျက်လေယာဉ်ဟာ ရန်သူရဲ့ ဝေဟင်ပစ်မှတ် တွေ၊ ထိတွေ့တိုက်ခိုက်နိုင်မှု၊ ဝေဟင်ထောက်လှမ်းမှု၊တိုက်ခိုက်ရေး အလုပ်အကိုင်နဲ့လေ့ကျင့်ရေး တို့အတွက် ထုတ်လုပ်ထားတာဖြစ်တယ်လို့ရုရှားပြည်ပလက်နက်တင်ပို့သူRosoboronexport က ဆိုပါတယ်။ 

ဒါ့အပြင် ရုရှားနိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ Tass ကို စစ်ကောင်စီကုန်သွယ်ရေးဝန်ကြီးက မြန်မာနဲ့ ရုရှားတို့ကြား ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအပါအဝင် နှစ်နိုင်ငံသဘောတူညီချက်တချို့ကို East

Economic Forum မှာ လက်မှတ်ရေးထိုးသွားဖို့ရှိနေတယ်လို့ ပြောပါသေးတယ်။  

ဖိုက်တာဂျက်လေယာဉ်တင်ပို့မှုနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာန ရုရှားကာကွယ်ရေးဝန်ကြီး ဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခဲ့တာမရှိဘူးလို့ မူရင်းသတင်းမှာဖော်ပြ ထားပါတယ်။

ရုရှားနိုင်ငံက လက်နက်ထောက်ပံ့ပေးနေတာဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို လောင်စာဖြစ်စေတဲ့အတွက် မြန်မာစစ်ကောင်စီကို ရုရှားက ကျောထောက်ခံပေးနေတာကို လက်ခံလို့မရသလို ဖျက်သိမ်းရမယ်လို့ အမေရိကန်ပြည်ထောင်စုက သတိပေးထားပါတယ်။

မြန်မာနိုင်ငံကို ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ထိပ်တန်းသံအမတ်တွေဟာ လည်ပတ်တာတွေရှိခဲ့ သလို ၂၀၂၁ ခုနှစ်တည်းက မြန်မာစစ်ခေါင်းဆောင်ဟာ ရုရှားကို အကြိမ်ပေါင်းများစွာ သွား ရောက်ခဲ့ပြီး Doctorate ဘွဲ့ပေးအပ်တာကိုလည်း ခံထားရပါတယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.