September 11, 2023

မိသားစုလိုက်အသတ်ခံရမှုနဲ့ ဆက်နွယ်နေတဲ့ ထိုင်းကောလ်စင်တာလူလိမ်ဂိုဏ်းကို ကမ္ဘောဒီးယားမှာ ဖမ်းမိ

ဖနွမ်းပင်၊ စက်တင်တာ(၁၂) ကောစင်တာလိမ်လည်ဂိုဏ်းမှာ ပါဝင်ပတ်သက်မှုဖြင့် ထိုင်းနိုင်ငံသားလေးဦးကို ကမ္ဘောဒီးယားမှာ ဖမ်းဆီးခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆူပိုဝမ်ဝိမ်ဆိုသူဟာ ကောစင်တာလိမ်လည်မှုကွန်ရက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး သူနဲ့အတူ အမျိုးသမီးငယ်သုံးဦးတို့က လိမ်လည်ဖို့ သားကောင်တွေကို ဖုန်းခေါ်ဆိုကြတာလို့ ဆိုပါတယ်။ သူတို့ဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတစ်ခုမှာ ပါဝင်မှု၊ လိမ်လည်မှုနဲ့ ကွန်ပျူတာရာဇဝတ်မှု ဆိုင်ရာ စွဲချက်…

ရုရှားထုတ် Su-30 ဖိုက်တာဂျက်တင်ပို့မှုကို မြန်မာစစ်ကောင်စီ လက်ခံရရှိထား

မော်စကို – စက်တင်ဘာ(၁၂) မြန်မာနိုင်ငံဟာ ရုရှားထုတ် Su-30 ဖိုက်တာဂျက်လေယာဉ်နှစ်စီး ပထမအကြိမ်တင်ပို့မှုကို လက်ခံရရှိထားပြီဖြစ်တယ်လို့ မြန်မာကုန်သွယ်ရေးဝန်ကြီး ချာလီသန်းက ရုရှားနိုင်ငံပိုင် သတင်း ဌာန RIA ကို ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ရည်ရွယ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ဖို့အတွက် ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ Eastern Economic Forum ရဲ့ ပြင်ပ…

မော်ရိုကိုမှာ ငလျင်ကြောင့် သေဆုံးသူ (၂၁၀၀) ကျော်ရှိလာ

ရာဘတ် – စက်တင်ဘာ(၁၂) မော်ရိုကိုနိုင်ငံရဲ့ အသေအပျောက်အများဆုံးငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ (၂၁၀၀) ကျော် သွားပြီဖြစ်သလို အသက်ရှင်ကျန်ရစ်သူတွေအတွက်လည်း အစားအစာ၊ ရေနဲ့ အမိုးအကာတွေရ ရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ(၉) ရက်နေ့ ညနေပိုင်းမှာ ပြင်းအား(၆.၈) အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး နောက် လူအများအပြားဟာ(၃)ညတာ ရင်ဆိုင်ခဲ့ရပြီး အိမ်များစွာ ပြိုကျတဲ့ နေရာဖြစ်တဲ့…

စစ်ကောင်စီ ဆိတ်ဖူးတောင်စခန်းစီးနင်းတိုက်ခိုက်ခံရ

တောင်ငူ – စက်တင်ဘာ(၁၁) ပဲခူးတိုင်း၊တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဆိပ်ဖူးတောင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အတွက် (၁၅) ဦးသေဆုံးခဲ့တယ်လို့ ပဲခူး- PDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်အစောပိုင်းက တောင်ငူမြို့အမြန်လမ်း(၁၆၂)မိုင်မှာ စစ်ကောင်စီအင်အား(၂၀) နဲ့ အထိုင်ချတပ်စွဲထားတဲ့ ဆိိတ်ဖူးတောင်စခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲမှာ…

ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့ရဲ့လုပ်ဆောင်ချက်တွေဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ NUG ဝန်ကြီးပြော

မော်လမြိုင် – စက်တင်ဘာ(၁၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တချို့သော လုပ်ဆောင်ချက်တွေမှာ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေတဲ့ အနေအထားတွေ ရှိနေတာကို တွေ့ရတယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၉) ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနဲ့ မြို့နယ်တရားရုံးတွေက တရားသူကြီးများ တွေ့ဆုံဆွေးနွေးမှု အစည်း အဝေး(၁၂/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။…